တစ်မှောက်ပြီးတော့ နောက်တစ်မှောက်ပေါ်လာပြန်ပြီ...ဒရမ်မာရိုက်နေတာလား?

Start from the beginning
                                    

" ငါ...ငါမထင်မှတ်ပဲ..."

"ဟက်"

နောက်ဆုံးချင်းချင်းပြန်ထွက်သွားသည်။ အခြေအနေကလေအေးတွေ တိုက်နေတာမို့ကျန်တဲ့သူတွေ ဘာပြောရမှန်းမသိဖြစ်နေလေတယ်။ အမြဲတမ်းအခြေအနေကိုသင့်မြတ်အောင် လုပ်ပေးနေရတဲ့ ယွမ်ကျိုးလေးက စကားလမ်းကြောင်းပြောင်းတဲ့ အနေနဲ့လင်းယဲ့လေးကို စကားပြောလိုက်တယ်။

" လင်းယဲ့ မင်းကတော်တော်စားနိုင်တာပဲ့ "

လင်းယဲ့ ခေါင်းကိုကုတ်လိုက်သည်။ ဟောက်ရန်ကလည်း အခြေအနေကိုတစ်ချက်ကြည့်ရင်း

" ငါမင်းတို့ကိုပြောစရာရှိတဲ့ ငါမှာကလေးရှိနေပြီ "

" အဟွတ်...အဟွတ် "

ဆေးသောက်နေတဲ့လင်းယဲ့တောင် သီးတတ်သွားတယ်။

အဲ့ဒီဟောက်ရန် တော်တော်ကိုတိုက်ရိုက်ကြီး ပြောချတတ်တယ်။ မပြောခင်အသိလေး ဘာလေးပေးပေါ့။

ကျန်းရောင်နဲ့ယွမ်ကျိုးက အခြေအနေကိုနားမလည်တော့ဘူး။ အခုသူတို့တွေးနေတဲ့အတွေးက တစ်ခုတည်းပဲ့ လင်းယဲ့နဲ့အဆင်ပြေနေပေမဲ့ ဘယ်သူနဲ့သွားရှုပ်လို့ ကလေးတောင်ရနေတာလဲပေါ့။ ဟောက်ရန်ကသူတို့အတွေးကိုသိစွာနဲ့

" ပေါက်ကရမတွေးနေနဲ့ လင်းယဲ့မှာကိုယ်ဝန်နဲ့လို့ပြောတာ "

" What?....တကယ်..တကယ်ကြီးလား "

ယွမ်ကျိုးတစ်ယောက် စားနေတဲ့အစာတောင်ပြန်ကျသွားရသည်။ ကျန်းရောင်မှာအထစ်ထစ်နဲ့ ထပ်ပြီးပြောလာသည်။

" ယောက်ျားလေးမဟုတ်လား what ကိုယ်ဝန်ရနိုင်လား...ဒါဆိုမဖြစ်ဘူး "

ကျန်းရောင်စကားကြောင့် ယွမ်ကျိုး သတိပြန်ဝင်လာပြီး ကျန်းရောင်ရဲ့ခေါင်းနောက်ကို ဖက်ကနဲရိုက်သွင်းလိုက်တယ်။

" မင်း...မင်းလည်းကိုယ်ဝန်ရမှာစိုးနေလား ဘယ်ကလေကချေတွေနဲ့ သွားအိပ်ထားပြန်ပြီလဲ "

ကျန်းရောင်ဖျားချင် သလိုလိုတောင်ဖြစ်သွားသည်။ နောက်ထပ်အပျော်မလိုက်ဖို့လည်း တစ်ခါတည်းအတွေးဝင်သွားသေးသည်။ သူကယွမ်ကျိုးရိုက်ချက်ကြောင့် ထူပူနေတဲ့ခေါင်းကိုပွတ်သက်လိုက်ပြီး

မာနကြီးတဲ့ကျွန်တော့်ယောကျာ်းရဲ့ ကိုယ်ဝန်ရှိနေတယ်တဲ့(Complate)Where stories live. Discover now