"ကိုယ်ပြောဖို့မေ့သွားတာ၊ ချန်ဖန်းက ကိုယ်တို့ကို လိုက်ပို့လိမ့်မယ်။ ကိုယ့်ကားကို အာရုံမထားနဲ့၊ လောလောဆယ်တော့ အဲ့ကားကို ဒီမှာပဲထားခဲ့မှာ။"

ရှင်းလင်းပြောပြနေသံကိုကြားလိုက်ရသည်မို့ ချန်ဖန်း နောက်လှည့်ကြည့်လိုက်မိကာ ရပ်ထားသည့်ဇိမ်ခံကားများကြားမှ ရိုးရိုးကုပ်ကုပ်ဟွမ်ဒါကားပေါက်စကိုတွေ့လိုက်၏။ သူက ရှန်ဖူ့ပခုံးပေါ် လက်တစ်ဖက်တင်ရင်း ရယ်သည်။

"မင်းSUVကားက ဘာဖြစ်သွားလို့လဲ?"

"ယူမလာဘူး။ ဒီမြို့မှာ ငါအဲ့ကားမောင်းရင် ငါ့အဖိုးကြီးက ငါ့ကို တစ်ရက်တည်းနဲ့ရှာတွေ့သွားမှာပေါ့ကွ။"

ချန်ဖန်းက လင်ရှုယီကိုကြည့်သည်ာ သူ စကားထပ်ပြောချိန်၌ သူ့အသံက အတော်လေးတိုးနေ၏။

"မင်းအဖိုးကြီးက အခုထိမင်းကိုရှာနေသေးရင် မင်း ဘာလို့ဒီကိုလာနေသေးတာတုန်း? လိုက်အဖမ်းခံရမှာ မကြောက်ဘူးလား?"

ယခုအချိန်တွင်တော့ လင်ရှုယီသည်လည်း သူတို့နှစ်ယောက်နှင့်အတူတူလျှောက်လာပြီဖြစ်၏။ ရှန်ဖူက လင်ရှုယီရဲ့ပခုံးထက်မှာ သူ့လက်တွေကိုသိုင်းဖက်ကာ တွဲလောင်းချထားရင်း လင်ရှုယီကို သူ့ကိုတွဲစေသည်။ သူက လင်ရှုယီရဲ့နားထဲကို အသံခပ်အက်အက်ဖြင့်ဆိုသည်။

"ကိုယ် အရမ်းမူးနေတယ်၊ ကိုယ့်ကို နည်းနည်းလောက်ကူတွဲပေး။"

လင်ရှုယီက သူ့ကို စူးရဲစွာစိုက်ကြည့်လာသည်ကိုကြည့်နေရင်း ရှန်ဖူ မည်သို့မှမတုန့်ပြန်ပေ။ နောက်ဆုံးတွင်တော့ လင်ရှုယီမှာ လမ်းလျှောက်နေရင်းဖြင့် ရှန်ဖူ့ကို ကူတွဲရတော့သည်။ ရှန်ဖူက ချန်ဖန်းဘက်လှည့်သည်။

"အေးဆေးပါ၊ သူ စိနါခေါ်ချင်တယ်ဆိုလည်း လုပ်ပေါ့။ အဲ့ဒါကြောင့်လည်း ငါ ဘယ်လိုဖြစ်ဖြစ်ပြန်လာတာ‌လေ။"

လင်ရှုယီမှာ ခဏလောက်နားထောင်လိုက်ပြီး ဘာပြောနေကြတယ်ဆိုတာမသိသည်မို့ အလျင်အမြန်ပင် စိတ်ဝင်စားမှုပျောက်ဆုံးသွားတော့သည်။ ထို့အတွက် ချန်ဖန်းမျက်နှာပေါ်က အံ့သြမှုနှင့်လေးစားမှုတို့ကို သူမတွေ့လိုက်ပေ။

I'm a Chef in the Modern Era [Myanmar Translation]حيث تعيش القصص. اكتشف الآن