Chapter-22

605 95 21
                                    

Unicode

Section-1

Jimin အိပ်ရာနိုးလာတော့ မနက်၇နာရီလောက်ရှိပြီ~ အခုအချိန်မြင်ရတဲ့ နေရောင်
နုနုလေးကို တွေ့ချင်စိတ်ကြောင့် ၀ရံတာလိုက်ကာကို သူဆွဲဖွင့်လိုက်တယ်။
လှလှပပလေး ဖြာကျနေတဲ့ နေရောင်ခြည်ကို သဘောကျစွာနဲ့ တံခါးကိုဆွဲဖွင့်ဖို့လုပ်တော့ သော့ခတ်ထားတဲ့ ၀ရံတာတံခါးကို ဒေါသထွက်ဖွယ်တွေ့ရတယ်။

ညကတောင် သူဝရံတာကိုထွက်ပြီး လေညှင်းခံခဲ့သေးတယ်လေ~ဘယ်အချိန်က သော့ခတ်သွားတာလဲ.....

သူ့ကို ခွင့်မတောင်းဘဲ ဒီလိုမျိုးပြုမူတာကို ဒေါသထွက်တာကြောင့် အသံကိုမြှင့်ပြီး
ဦးလေးလီကို အော်ခေါ်လိုက်တယ်။

"ဦးလေးလီ~ဦးလေးလီ......."

"လာပါပြီ~အစ်ကိုလေး......."

သူ့ဒေါသတကြီး အော်သံကြောင့် ဦးလေးလီက အပေါ်ထပ်ကိုပြေးတက်လာတယ်။

"ဘာလို့ ၀ရံတာတံခါးကို သော့ခတ်ထားတာလဲ~ဖွင့်ပေး....ကျွန်တော်၀ရံတာထွက်ချင်တယ်......"

"ဟိုဟာ.....သော့က.....Mr Kimသိမ်းထားပါတယ်....."

"ဘာ......"

ရောက်တာဖြင့် ၁ရက်ပဲရှိသေးတယ် လူပါး၀လှချည်လား.....

"သူအခု ဘယ်မှာလဲ......"

"မနက်စာပြင်နေပါတယ် အစ်ကိုလေး..... ကျွန်တော်သွားခေါ်ပေးရမလား...."

"ရတယ်~ကျွန်တော်သွားလိုက်မယ်...."

အခုထဲက ပြတ်ပြတ်သားသားပြောထားမှဖြစ်မယ်~အခုလိုအပြုအမူမျိုးကိုမကြိုက်ဘူးဆိုတာ.....

"ဒီမှာ........."

ပေါင်မုန့်ယိုသုတ်တာကို အာရုံရနေတဲ့ ပုဂ္ဂိုလ်ဟာ သူခေါ်တာကို လှည့်ကြည့်မလာပါ။

"ဒီမှာ.....ဟေ့လူ...."

စားပွဲကို *ဒုန်း*ခနဲ ထုလိုက်တော့မှာ သူ့ဘက်ကို ခေါင်းလှည့်လာတယ်။

"ကိုယ့်ကို ခေါ်တာလား......"

"အပိုတွေမပြောချင်ဘူး ကျွန်တော့်ကို သော့ပေး....."

စူပုတ်နေတဲ့ မျက်နှာထားနဲ့ သူ့ရှေ့မှာ လက်ဝါးဖြန့်ပြီး သော့တောင်းနေတဲ့ Jiminဟာ စိတ်ဆိုးနေတာတောင် အရင်လိုပဲချစ်ဖို့ကောင်းတုန်း......

RememberWhere stories live. Discover now