Chapter-2

1.1K 168 0
                                    

Unicode

Section-1

"ခုနက Taehyung phoneဆက်တယ်~ hyungနဲ့တွေ့ချင်လို့....ခဏနေကျရင် လာခဲ့မယ်တဲ့..."

Practiceလုပ်ပြီးလို့ နားနေခန်းထဲပြန်လာတဲ့ သူ့ကို ရေတစ်ခွက်ငှဲ့ပေးရင်း Namjoonကပြောတယ်။

"Taehyungလာမယ်ဆို ကြက်ကြော်မှာထားလိုက်ရင်ကောင်းမယ် Namjoon...."

"ကျွန်တော်မှာထားပြီးပါပြီ...hyungရဲ့.."

သူ့စကားကို ရယ်ရင်း Namjoonကပြောတယ်။ ဟုတ်ပါတယ်လေ~Namjoonက သူနဲ့ပတ်သက်သမျှ မသိတာဘာမှမရှိဘူးမဟုတ်လား.....

သူနဲ့ Namjoon နောက်နေ့ schdule အကြောင်းပြောနေတုန်း Taehyung ရောက်လာခဲ့တယ်။

"ကျွန်တော်ရောက်ပြီ hyung~​မတွေ့တာကြာပြီနော် Namjoon hyung~ဘယ်လိုလဲ... မင်္ဂလာလက်ဖွဲ့ကြိုဝယ်ထားရတော့မလား"

Taehyungက နားနေခန်းထဲကို ဝင်လာတော့ သူ့ကိုနှုတ်ဆက်ရင်း ဘေးက Namjoonကို လှမ်းစတယ်။

"ရည်းစားထားဖို့တောင်မအားပါဘူး Taehyungရယ်.."

Taehyungပြောသလို လက်ထပ်ဖို့ဆိုတာအသာထားဦး၊ရည်းစားတစ်ယောက်ထားနိုင်ဖို့တောင် Namjoonမှာအချိန်မရှိပါ။
Jin hyungနဲ့ အမြဲအတူရှိနေရတဲ့ သူ့အတွက် အားလပ်ချိန်ဆိုတာမရှိသလောက်ရှားတယ်မဟုတ်လား......

"ဟေ့ကောင်~လာရင်းကိစ္စကိုသာပြော"

Taehyungစကားကို Namjoon hyungကရယ်နေပေမယ့် Jin hyungကတော့ မျက်မှောင်ကျုံ့ရင်း ​ဝင်ပြောတယ်။ Jin hyung က သူ့လူကိုသိပ်တိုတာ၊ အဲ့ဒီလိုစရင် တစ်စက်ကလေးမှကြိုက်တာမဟုတ်ဘူး။

"hyungကလည်း ညီအစ်ကိုချင်းကိစ္စရှိမှလာရမှာလားလို့....ဟာ~ကြက်ကြော်တွေဝယ်ထားတာပဲ...ကျွန်တော်စားမယ်နော်.."

"စား~စား...Taehyungလာရင်စားဖို့
Jin hyung မှာထားတာ..."

"ဒီလိုကျတော့လည်း Jin hyungက
ကိုယ့်ညီလေးကို ဂရုစိုက်ဖော်ရသားပဲ"

Taehyungကို အပိုတွေပြောနေတယ်ဆိုတဲ့သဘောနဲ့ Jin hyungကခေါင်းအသာခါတယ်။

"ငါသိပါတယ် Taehyungရယ်~မင်းမွေးနေ့ရောက်တော့မှာမို့လို့လာတာမဟုတ်ဘူးလား...."

"သတိရလို့လာတာပါဗျာ~အဲ့တာလည်းပါတာပေါ့လေ..."

ရွှတ်နောက်နောက်ပြောနေပြန်တဲ့ Taehyung
ကို ကြည့်ပြီး Seok Jinရယ်မိတယ်။

RememberTahanan ng mga kuwento. Tumuklas ngayon