Chapter-13

618 104 5
                                    

Unicode

Section-1

"လာမယ်~လာမယ်နဲ့ အခုမှပဲတကယ်ရောက်လာတော့တယ် hyungတို့ရာ....."

"အေးကွာ.....ငါတို့လည်း လာချင်ပါတယ်~ အလုပ်တွေများနေလို့သာ...."

Taehyungနဲ့ Jiminလက်မထပ်ခင် အိမ်ရှာတဲ့အချိန်တုန်းက တစ်ခါပဲရောက်လာဖူးတဲ့
အိမ်လေးကို လှည့်ပတ်ကြည့်နေရင်း Jin hyungကပြောတယ်။

"Jiminရေ~ Jin hyungနဲ့ Namjoon hyungတို့ရောက်ပြီ....."

အိမ်ထဲကို လှမ်းအသံပြုရင်း Taehyungက သူတို့ကို ခြံထဲထိဆင်းကြိုတယ်။

"ဒီမှာ Taehyung.....မင်းတို့အတွက်..."

"ဘာလို့၀ယ်လာတာလဲ~hyungတို့ရာ...."

Namjoon hyungပေးလာတဲ့ သစ်သီးခြင်းနဲ့ မုန့်ထုပ်တွေကို Taehyungက လက်လွှဲယူရင်းပြောတယ်။

"အများကြီးမှမဟုတ်တာကွာ....."

" ကျေးဇူးပါ~ကောင်းကောင်းစားပါ့မယ်.... လာ~hyungတို့အိမ်ထဲဝင်ရအောင်....."

"ဒါနဲ့  Jiminရော Taehyung....."

"hyungတို့ညီက hyungတို့အတွက်ဆိုပြီး မနက်ထဲက မီးဖိုချောင်၀င်နေတာ အခုရေချိုးနေတယ်......"

သူ့စကားကြောင့် Jin hyungက ဂျိုကြည့်
ကြည့်တယ်။

"Jiminလေး ပင်ပန်းနေမှာပေါ့~မင်းက၀ိုင်း
မကူဘူးလား...."

"အတူတူချက်ကြတာပါဗျာ~ကျွန်တော်က hyungတို့အတွက် ဝိုင်ထွက်၀ယ်နေလို့ပါ....."

Taehyungစကားကို ကျေနပ်သွားသလိုနဲ့ Jin hyungက ခေါင်တဆတ်ဆတ်ငြိမ့်တယ်။
Namjoonကတော့ ညီအစ်ကိုနှစ်ယောက် အငြင်းအခုန်လုပ်နေတာကို ကြည့်ပြီး ရယ်နေတယ်။

"hyungတို့ ရောက်လာကြပြီလား~ကျွန်တော်ရေချိုးတာ နည်းနည်းကြာသွားတယ်....."

"အခုမှရောက်တာပါ~မတွေ့တာကြာလို့ ငါ့ယောက်ဖက ပိုတောင်ချောလာသေးတယ်....နော် Joon...."

ယောက်ဖဖြစ်သူကို အမွှန်းတင်နေတဲ့ Jin hyungဟာ ဘေးက Namjoon hyungကိုပါ လှမ်းအဖော်စပ်တယ်။

"ဟုတ်ပါ့....ဟုတ်ပါ့...."

Namjoon hyungက ခေါင်းငြိမ့်ထောက်ခံပေမယ့် Taehyungသတိပြုမိလိုက်တာက *Joon*ဆိုတဲ့ အသုံးအနှုန်း....

RememberHikayelerin yaşadığı yer. Şimdi keşfedin