^Second Face^ Part-12

Start from the beginning
                                        

Luhan သက်ပြင်းချလိုက်တယ် သွားပြီပေါ့ ကောင်လေးရဲ့ နာကျည်းမှုက ပိုပြီးပြင်းထန်သွားပြီ

Luhan ပြန်လာပြီလား ရေချိုးပြီး ထမင်းစားရအောင်

အင်းးး မနက့်ဖြန့်  အဘွား နှစ်ပတ်လည်နေ့မလား

Luhan မှတ်ထားတာလား gomawo

မှတ်မိတာပေါ့ Sulli ya...

Sulli မျက်နှာလေးညိုးသွားတယ် အဘွားကိုလည်း သတိရသွားတဲ့ပုံပဲ

Luhan korea ကိုရောက်နေတုန်း

Sulli အဘွားဆုံးသွားတာပါ မင်္ဂလာပွဲအပြီး 10 ရက်လောက်ကြာတော့ပေါ့ ဒါကြောင့်လည်း Sehun ကို စာလေးတစ်စောင်နဲ့ နှုတ်ဆက်ပြီး china ကို ပြန်လာရတာလေ

Luhan mama ဆီလည်းသွားရဦးမယ်

သန်ဘက်ခါလောက်မှ သွားကြတာပေါ့ ကိုယ်မနေ့က ဝင်ကြည့်ခဲ့သေးတယ်

Nae.. နေကောင်းတယ်မလား

ကောင်းပါတယ် Sulli ရောတဲ့ မေးနေသေးတယ်

Mama ကလည်း ဆေးရုံနဲ့အိမ်က အိမ်ဦးနဲ့ကြမ်းပြင်လို ရောဂါဖောက်ရင် ဆေးရုံရောက်လိုက် မနေနိုင်ရင် ပြန်ဆင်းလာလိုက်နဲ့ mama အတွက်လည်း စိတ်ပူနေရတယ်

Luhan အတွေးထဲ

ကောင်လေးရယ် မင်းဒါတွေမသိဘူး မလား ကိုယ်မှာရှောင်လွှဲလို့မရတဲ့ အချက်တွေအများကြီးရှိတယ်

ဒါတင်ပဲလား Papa က ကောင်လေးရဲ့

company ကို ပြိုင်ဘက်လို သဘောထားပြီး ဝင်နှောင့်နေတာ ကောင်လေးနဲ့hyung ရဲ့ပတ်သက်မှုက ဘာမှမဟုတ်သေးပေမယ့် Papa က မသကာင်္ဘူး

ကောင်လေးရယ် hyung လှုပ်ရှားရင် အခြေအနေတွေ ဆိုးကုန်မှာစိုးလို့ ငြိမ်နေရတယ် ကောင်လေးကို တွေ့ချင်တဲ့စိတ် လွမ်းတဲ့စိတ် ပြီးတော့ ပြောချင်တာတွေအားလုံးကို မျိုသိပ်ထားရတယ်

ဘာပဲဖြစ်ဖြစ် ကောင်လေးအုပ်ချုပ်တဲ့ company က အောင်မြင်ပြီး အဆင်ပြေနေတယ်ဆိုတာ ကြားရတော့ hyung အတိုင်းမသိ ဝမ်းသာပါတယ်

Luhan တစ်ယောက် အလုပ်ထဲမှာ ဘယ်လောက်ပင်ပန်းပါစေ ညဘက်ကို စိတ်ချလက်ချမအိပ်နိုင် အိပ်မက်ဆိုးတွေ ဟုတ်တယ် အိပ်မက်ထဲမှာ Hun ရဲ့ ခက်ထန်မာကျောတဲ့ အကြည့်တွေ မဲ့ပြုံးတွေ အဆုံးသတ်မှာ တင်းမာနေတဲ့ မျက်နှာပေါ် ကျဆင်းလာတဲ့ မျက်ရည်စက်တွေ

မခံစားနိုင်ဘူး ညစဉ်လိုလို ခြောက်လှန့်ခဲ့တယ် စိတ်ပူမှု စိုးရိမ်မှု တွေလွန်ကဲစွာ Luhan တစ်ယောက် ကောင်းကောင်းမနေနိုင် ပျော်စရာဆိုတာ ပျောက်ဆုံးခဲ့တာ

ကြာပြီ

Sulli ကတော့ အစ်မလို ညီမလေးလို chingu လို လိုအပ်တဲ့အချိန်တိုင်း Luhan အနားမှာရှိနေခဲ့တယ် ဝမ်းနည်းရင် နှစ်သိမ့်ပေးတယ် ဘာပဲဖြစ်ဖြစ် အတူခံစားပေးတယ် အခုအချိန်ထိ စည်းမကျော်ခဲ့ဘူး မိဘတွေ စိတ်ချမ်းသာအောင် နေခဲ့ရုံသာ

တစ်နေ့မှ မေ့မရခဲ့ဘူး အချိန်တိုင်း နေရာတိုင်း ကောင်လေး မင်းပုံရိပ်တွေပဲ

တစ်နှစ်ဆိုတဲ့ အချိန်ကာလမှာ Sehun တစ်ယောက် အလုပ်ထဲခေါင်းစိုက်ရင်း china မှာ company ခွဲတစ်ခု ထပ်ဖွင့်နိုင်ခဲ့တယ် Korea က company ကိုတော့ စိတ်ချရတဲ့လူကို လွှဲထားမယ် အရင်က appa ရဲ့ secretary ကိုပေါ့

China က company ကိုတော့ ကိုယ်တိုင်စီမံရင်း အလုပ်တွေဆက်လုပ်မယ် ဒါပေမယ့် company နှစ်ခု ပိုင်ရှင်ဟာ သူဆိုတာ ဘယ်သူ့ကိုမှ အသိမပေး ပြောရရင် china company ဟာ လျို့ဝှက်စွာ ဖွင့်ထားတဲ့ company ပေါ့

ယုံကြည်ရတဲ့လူတစ်ယောက် နှစ်ယောက်သာ သိထားကြတယ် အခုလောလောဆယ်တော့ Korea

မှာပဲဆက်နေပြီး အချိန်မကျသေးသရွေ့ china ကိုသွား၍မဖြစ်သေး ...

အချိန် အဲ့ဒီအချိန်ကို Oh Sehun တို့ ပျော်ပျော်ကြီး စောင့်နေပါ့မယ် Luhan တွေ့ကြသေးတာပေါ့ ဟား ဟားး

Sehun ရယ်သံတွေ ဖုံးလွှမ်းလျက်

Waiting for vitamin votes and feedbacks..saranghae..

gamsamitha..90° bow

ဒီ part ရေးတာ နည်းနည်းလိုသွား လားလို့ နောက် part အတွက် ဆွဲခေါ်ရလို့ပါ

^Second Face^ ( Completed ) Where stories live. Discover now