Part- 2 🦋 Falling In Love with

Start from the beginning
                                    

ခက်မွန် -- ဟင် ဟုတ်လား? အွန်း အွန်း
ထပြီ

ခက်မွန် အပျင်းကြောဆန့်ပြီး ထလိုက်သည်။

ခက်မွန် -- ဆုမြတ် .. နင်အရင်ရေချိုးခန်း
ဝင်လိုက် .. ငါ ပေါင်မုန့်မီးကင်လိုက်ဦးမယ်

ဆုမြတ် -- အွန်း ပြီးရော

ဆုမြတ် ရေချိုးခန်းဝင်သွားတော့ ခက်မွန်က
Kitchen Room ထဲဝင်လာ၍

ခက်မွန် -- ပိုး .. ငါ ပေါင်မုန့်ကင်လိုက်မယ်နော်
ကြက်အူချောင်း ပိုလား?

ပိုး --  ပိုတယ် အများကြီးပဲလေ ငါကင်ထားတာ

ခက်မွန် -- အွန်း

ခက်မွန် ရေခဲသေတ္တာထဲက ပေါင်မုန့် ထုတ်၍
ထောပတ်သုတ်ပြီး toaster ထဲထည့်၍
ကင်လိုက်သည်။
ပြီးတော့ mayonnaise လေး သုတ်၍
ပိုး ကင်ထားတဲ့ ကြက်အူချောင်း ကင်လေးကို
ထပ်ခြမ်းခြမ်း၍ ညှပ်လိုက်သည်။

ပိုး -- ခက် ..  ကင်ချီ ထမင်းကြော်ရယ်
ဝက်ဂုတ်သားကင်နဲ့ ကြက်အူချောင်းကင်
ရယ် အဆင်ပြေတယ်မလား?

ခက်မွန် -- ပြေတယ် ငါတို့၃ယောက်ထဲပဲဟာ..
ပြီးရင် Hotel ကျလည်း Lunch Time ကျ ထမင်းစားကဦးမှာ၊ Boss က သူကျွေးတဲ့
Lunch မစားရင် ဝန်ထမ်းတွေကို စိတ်ဆိုး
တတ်သေးတာ

ပိုး -- ဟုတ်တယ် အခုတောင် သူပေးတဲ့
အိမ်ယာက တိုက်ခန်းမှာ မနေလို့တဲ့ ပြောနေ
သေးတာ .. ပိုက်ဆံ ကုန်တယ် နင်တို့ ဘယ်
စုမိမလဲနဲ့ .. ငါက တိုက်ခန်းက ဆုမြတ်
အဖေရဲ့တိုက်ခန်းဆိုလို့ ဘာမှမပြောတာ ..

ခက်မွန် -- အွန်း သူ့လို Boss မျိုးကလည်း
ရှားတယ်ဟ ဝန်ထမ်းကို ပြန်ကြည့်တဲ့သူမျိုး ..

ပိုး -- ဟုတ်တယ်

ဆုမြတ်ရေချိုးပြီး‌တော့ ခက်မွန် ချိုးလိုက်သည်။
ဆုမြတ် အဝတ်စားလဲကာ Kitchen Room ထဲ Coffee Maker လေးနဲ့ Coffee နှပ်ထားလိုက်သည်။ ခက်မွန် ရေချိုးပြီး ပိုးရေချိုးတုန်း ဆုမြတ်က အဆင်သင့်  ထမင်းကြော်နဲ့ အကင်ပွဲတွေ ပြင်ထား
သည်။

ပိုး အဝတ်လဲပြီး ထွက်လာတော့ .. သူမတို့
မနက်စာ စားလိုက်ကြသည်။

ဆုမြတ် -- ဝက်ဂုတ်သားကင် ကောင်းတယ်

ပိုး -- ကြိုက်ရင် များများစား

Falling In Love with SomeoneWhere stories live. Discover now