ရန်ယိကုက ရယ်မောရတာကို သဘောကျကြောင်း
ရွှယ်ယောင်ကျူ့သိလိုက်တယ်။ နောက်ပြီး
ရန်ယိကုက ဒီလိုရယ်မောနေတိုင်း၊ သူ့ပုံရိပ်ကို ဂရုစိုက်ထိန်းသိမ်းနေတာမျိုးလည်း နည်းနည်းမှ
မရှိဘူး။

ထိုနောက်ပိုင်းမှာ ရွှယ်ယောင်ကျူ့က ရန်ယိကုနဲ့
အမြဲလိုလို ဆုံလာရတယ်။ ဒါက ထူးဆန်းသလိုပဲ။
ဘာကြောင့်လဲဆိုတော့ အရင်တုန်းက သူတို့နှစ်ဉီး
မကြာမကြာတွေ့ဆုံတာမျိုး မရှိခဲ့လို့။

ရွှယ်ယောင်ကျူ့ တစ်ခါတစ်ရံအတွေးလွန်ပြီး
ထင်မြင်မိတာက...ရန်ယိကုက ဒါကို တမင်
ရည်ရွယ်ချက်ရှိရှိ,လုပ်နေသလားဆိုတာပဲ။

သို့သော်လည်း ရွှယ်ယောင်ကျူ့ မှန်ထဲက
ကိုယ့်ပုံကိုယ်ပြန်ကြည့်ချိန်မှာတော့..မြင်နေရတဲ့
သူ့မျက်နှာတစ်ခြမ်းက အလွန်စိတ္တဇဆန်နေတာမို့
သူ ချက်ချင်း အသိဝင်သွားခဲ့ရတယ်။

ရန်ယိကုက ဆင်းရဲနွမ်းပါးသူများကို ထောက်ပံ့
ကူညီတဲ့အဖွဲ့ရဲ့တစ်စိတ်တစ်ပိုင်းမှ မဟုတ်ဘဲလေ။

****

ကျောင်းမှာ ဟိုးယခင်ကတည်းက ပြုလုပ်ခဲ့တဲ့
လှုပ်ရှားမှုတစ်ခုရှိတယ် : partner ဖွဲ့ပေးခြင်း။
ဘယ်လိုဖွဲ့လဲဆိုတော့ အဆင့်၊ စရိုက်လက္ခဏာ၊
ဒါမှမဟုတ် စီးပွားရေးအ​​ခြေအနေချင်းမတူညီဘဲ ကွဲပြားတဲ့ကျောင်းသားတွေကို တစ်တွဲတွဲပေး
တာမျိုး။ ဒီနည်းအားဖြင့် တစ်ဉီးကိုတစ်ဉီး
ညှိနှိုင်းတတ်ပြီး ဖြည့်ဆည်းလာနိုင်လိမ့်မယ်။

တကယ်တော့ အရင်ကလည်း ဒီလှုပ်ရှားမှုကြောင့်
ပြဿနာမဖြစ်ခဲ့တာမျိုး မဟုတ်ဘူး။ ဥပမာ
ပြောရရင် လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက..
'ယွီရှီဟွား​'​က ဒီလိုပြဿနာမျိုးကို တကယ်
ဖန်တီးခဲ့တာပဲ။ ထိုစဉ်က အတန်းပိုင်ဆရာက
ယွီရှီဟွားကိုပြုပြင်ဖို့ လုံးဝလက်မလျှော့ဘဲ
အဆင့်ပထမရတဲ့ကျောင်းသား 'တုချင်းရုန်'နဲ့
တစ်တွဲတွဲပေးခဲ့တယ်။ တုချင်းရုန်က ထူးချွန်တဲ့
ကျောင်းသား! သိရသလောက်တော့ တုချင်းရုန်ရဲ့
အိမ်ထောင်စုမှာ single-parent ဖြစ်ပြီး၊
သူ့အဖေက မသန်စွမ်းချို့တဲ့ကာ သူဌေးမိသားစု
တစ်စုဆီမှာ ဥယျာဉ်မှူးလုပ်ခဲ့တယ်။ တုချင်းရုန်
တို့က ခက်ခဲမှုများစွာနဲ့ ရှင်သန်ခဲ့ရတာ။

လွတ်လပ်တဲ့ ရန်ယိကု || ဘာသာပြန် [COMPLETED]Donde viven las historias. Descúbrelo ahora