Part-1 "Falling In Love with.."

Comincia dall'inizio
                                    

သဇင် -- ဒါလည်း ကောင်းတယ် ဝက်သားလိပ်ကို
ဘာနဲ့လိပ်ထားတာလဲမသိဘူး။

သက်မင်း -- ငါးခဲပတ်ကင်လည်း တော်တော်
ကောင်းတယ် အထဲကအနှစ်က စားဖူးနေကျ
ဟာတွေနဲ့မတူဘူး

ဝဏ္ဏ -- Paradise Hotelက နာမည်ကြီး
ဆိုတော့ အစားအသောက်ကလည်း
ရှယ်ပေါ့ဟ

ရွှေစင် -- မဆိုင်ဘူးဟ တချို့ Five Star
Hotel တွေ က အစားအသောက်တွေဆို
ထင်သလောက် အရသာမကောင်းဘူးဟ
ဒါက စာဖိုမှူးနဲ့ဆိုင်တာ စာဖိုမှူးတော်လို့ ..

ခွန်း -- ထမင်းစားနေ စကားမများနဲ့လေ

သဇင် -- နင်ပဲစလိုက်တာ ဒီစကားဝိုင်းက

ခွန်း -- ငါ Toilet ဒိုးလိုက်ဦးမယ်

သဇင် -- လိုက်ခဲ့ကမလား?

ခွန်း -- မလိုဘူး ..

သဇင် -- ဒါဆိုလဲ ဒိုး ..

ခွန်း Toilet ဘက်သို့ဝင်တော့ အောက်ထပ်
Toilet အထဲမှာ လူများနေတာကြောင့်
Lift နဲ့ 2nd Floor သို့တက်ခဲ့ပြီး 2nd Floor
က Toilet ထဲ ဝင်လိုက်သည်။ 2nd Floor
က Toilet ကကျ Hotelရဲ့ 2nd Floor က
ဝန်ထမ်း အများစု အသုံးပြုတာပါ ။

ခွန်းToilet ခန်းကနေ ပြန်ထွက်လာပြီး
လက်ဆေးနေတုန်း သူမရဲ့ ဘေးနားသို့
Chef ဝတ်စုံနှင့် တော်တော် ကြည့်၍
ကောင်းသော အမျိုးသမီး တဦးလာရပ်ပြီး
လက်ဆေးနေတာတွေ့ကသည်။
ခွန်း ဘေးတိုက်ငေးတော့ ထိုအမျိုးသမီးက
ဆံပင်ကို Pony Tail စီးထားသည်။
မျက်နှာလေးကလည်း ဖွေးဥနေသည်
ပါးလေးက ဖောင်းဖောင်းရဲရဲလေးနှင့်
မျက်လုံးဝိုင်းဝိုင်း နှုတ်ခမ်း မထူးမပါး
လေးတို့က စွဲမက်ဖွယ် ကောင်းသည်။

ခွန်းက သာမာန်မိန်းကလေးထက် အရပ်ရှည်တဲ့
အထဲပါသည်။ 5ပေ7 အရပ်နဲ့ သူမရဲ့ဘေးက
5ပေ 4‌သာသာပဲရှိတဲ့ ထိုအမျိုးသမီးကို
ဘေးတိုက် ငုံ့ကြည့်ကာ ငေးနေမိသည်။

ခက်မွန် -- ရေနဲ့ချည်းဆေးနေမှာလား?
ဆပ်ပြာ မသုံးတော့ဘူးလား?

ခွန်း -- အွန် သုံးမှာပေါ့

ခွန်း ဆပ်ပြာအစီထည့်ထားတဲ့ ခလုတ်လေးကို
နှိပ်၍လက်ကို ရေနဲ့ပြန်ဆေးနေတုန်း ..

ခက်မွန် -- ဒီနေ့ Private TU တခုရဲ့ ချီးမြှင့်
ပွဲကနဲ့တူတယ် ဘွဲ့ဝတ်စုံနဲ့ဆိုတော့ ..

Falling In Love with SomeoneDove le storie prendono vita. Scoprilo ora