အပိုင်း - ၁၀ [ Z ]

Start from the beginning
                                    

"ေဆာရီး"

"အ-အလုပ်များနေတဲ့သူက ငါလေ၊ ငါလည်း
တောင်းပန်ပါတယ်၊ ကျန်းချွမ်ရဲ့ကိစ္စတွေကို
ဖြေ-ဖြေရှင်းနေတုန်းပဲ၊ မကြာခင် ပြီးလိမ့်မယ်"

ငါ 'ဆောရီး'လို့ထပ်ပြောပြီး ဖုန်းချလိုက်တယ်။

ငါ့လိုလူမျိုးနဲ့ ပတ်သက်ခိုင်းမိတဲ့အတွက်
တောင်းပန်ပါတယ် ရွှယ်ယောင်ကျူ့။

ငါ ဆက်လက်ရပ်တည်နေထိုင်တာက တန်ဖိုး
သိပ်မရှိသလိုပဲလို့ ထင်ရတယ်။ ငါ့ညီလေးနဲ့
ညီမလေးအတွက် ကျောင်းလခကို ထောက်ပံ့ပေးတာကလွဲရင် ငါ အခြားဘယ်သူ့ကိုမှ အကျိုးမဖြစ်စေဘူးလေ။ ဒါ့အပြင် အကယ်၍ ငါ ဒီမှာမရှိခဲ့ရင်
ညီလေးနဲ့ညီမလေးက အဘိုးနဲ့အတူနေပြီး
ချမ်းသာတဲ့ဘဝကို စံစားနိုင်မှာ။

                              (191)

ငါ အလုပ်ပြီးတဲ့အချိန်ထိ စိတ်ပျက်အားလျော့ကာ
မစုစည်းနိုင်ဖြစ်နေခဲ့တာ။ ငါ ကားမှတ်တိုင်ကို
မရောက်ခင်၊ ကားတစ်စီးက ငါ့ဘေးမှာ ကျွီခနဲ
ဆွဲရပ်သွားတယ်။ ကားထဲမှလူက ပြတင်းမှန်ကို
ချကာ အားပါးတရပြုံးပြပြီး၊ ကားတံခါးဖွင့်ရင်း
ဆိုလိုက်တယ်။

"ဟယ်လို၊ ငါက ကျုံးယွီပါ"

ကျုံးယွီက ဘယ်သူတုံး။

အာ ဟုတ်သားပဲ...
ရွှယ်ယောင်ကျူ့ရဲ့ရည်းစားဟောင်းလေ။
ရွှယ်ယောင်ကျူ့ကတော့ ဒီလူအကြောင်းကို
ဝန်ခံချင်မှာမဟုတ်ဘူး။

ငါ ခြေလှမ်းအနည်းငယ်ဆုတ်ကာ နောက်လှည့်ပြီး
ထွက်ပြေးတော့တယ်။

ကျုံးယွီက ငါ့လက်တစ်ဖက်ကိုလှမ်းဆွဲရင်း
ပြောလိုက်တယ်။
"ငါတို့ စကားခဏပြောရုံတင်၊ စိတ်မပူပါနဲ့၊
ငါတို့အားလုံးက လူကောင်းတွေပဲကို"

ငါ အရင်ကတည်းက ကြိုပြောပြီးသားနော်!
ငါ ကိုယ့်ကိုယ်ကိုယ်ညှဉ်းပန်းမိတဲ့ အကြောက်လွန်စိတ်ရောဂါရှိနေရုံ၊ အပြည့်အဝရူးသွပ်နေတာ
မဟုတ်ဘူး!!!

ဒါပေမယ့် ဒီလူ့ကိုကြည့်ရတာ ပိုက်ဆံချမ်းသာပုံ။
ဘော်ဒီဂတ်တွေကို ခေါ်လာနိုင်တယ်ဆိုတော့
ဘော့စ်ပေါ့။

ငါ ချမ်းချမ်းသာသာနေခဲ့ရတဲ့အချိန်ကို
ပြန်စဉ်းစားမိတယ်...အဲဒီတုန်းကဆိုရင် ငါ့မှာ
ဘော်ဒီဂတ်ရှိဖို့မပြောနဲ့၊ ကိုယ်ပိုင်ဒရိုင်ဘာကိုပဲ
ခန့်ထားခဲ့တာ။ ဒါ့ပြင် ထိုဒရိုင်ဘာက လာဘ်စား
ပြီး၊ ငါ့ကိုပြန်ပေးဆွဲတဲ့လူတွေနဲ့ ပူးပေါင်းကြံစည်
ခဲ့သေးတယ်။

လွတ်လပ်တဲ့ ရန်ယိကု || ဘာသာပြန် [COMPLETED]Where stories live. Discover now