Epi- 22

2.3K 210 22
                                    

Unicode

ပန်းခင်းကြီးမှ မပြန်ချင် ပြန်ချင်ဖြင့် လှည့်တစ်ကြည့်ကြည့်နဲ့ ပြန်သွားတဲ့ ကလေးငယ်ကို တွေးမိရင်း ရင်ထဲစိတ်မကောင်းစွာ သက်ပြင်းအသာချလိုက်မိသည်။

ညီလေးစိုးပေါက်က သူဝယ်တဲ့ ပန်းစည်းလည်းရပြီ အသူရိန်နေမင်းကြီးသည်လည်း သူ၏ပျော်စံရာ အနောက်ဘက်တောင်တန်းတွေကြားကို တဖြည်းဖြည်း ဝင်ရောက်ပျောက်ကွယ်လာသည့်တိုင် ပန်းခင်းထဲမှာ ပျော်မွေ့နေတဲ့ ကလေးငယ်ကတော့ သတိပြုမိပုံမပေါ်ချေ။

'အပြစ်ကင်းလိုက်ပါဘိ ရ ရယ် 'လို့ပင် အတွေးမဆုံးသေး "ဘုန်း" ဆိုသော အသံက ထွက်လာချေသည်။ အလျင်အမြန် သတိပြန်ကပ်ပြီး ကြည့်လိုက်တော့ ပန်းခင်းတွေကြား လူသွားလမ်းလုပ်ထားသည့်နေရာတွင် မှောက်လျက် လဲနေသော မိမိ၏ အသည်းညှာ။

"ဟာ ရ ဘယ်လိုဖြစ်တာလဲ ရရယ် ထ ထ ဘယ်နား နာသွားသေးလဲ "

ဟု မေးလိုက်မိတော့ လှပတဲ့ မျက်လုံးလေးများ ေစွကြည့်ကာ

" ဟင့် လူက နာရတဲ့ ကြားထဲ ဘာလို့ အများကြီးမေးနေတာလဲ လောရှည်ကြီးရဲ့ ဟင့် နာ နာ "

ပြောရင်းမျက်ရည်တွေ ကျလာပါသော အသည်းညှာ။ ခန့်ရွှေစည် အလွန်ပင်စိုးရိမ်သွားပါသည်။
လက်တွေ ခြေတွေများ ကျိူးသွားပြီမို့လို့လား ၊
မြေကြီးနဲ့ မျက်နှာနဲ့များ ရိုက်မိတာလား ၊
မတော် ဟိုနေရာများ ထိသွားသလား စသည့် စသည့် စိုးရိမ်ရဖွယ် အတွေးတို့ဝင်ရောက်လာရာ
အသည်းညှာရဲ့ တစ်ကိုယ်လုံးကို အပေါ်အောက် သေချာစွာကြည့်လိုက်မိသည်။

တတိုင်းရ တစ်ယောက် မိမိအား အပေါ်မှအောက် အောက်မှအပေါ်  စုန်ဆန်အောင် ကြည့်နေသော ကိုလောရှည်ကြောင့် နဲနဲ အနေရခက်သွားသည်။
အတွေးထဲတွင်လည်း ' ငါ့ကို ဘာလို့ ဒီလောက်ကြည့်နေတာလဲ မသိဘူး အား နေရခက်လိုက်တာ crushဆီကတောင် ဒီလိုအကြည့်ခံရတုန်းက ဘယ်လိုမှ မနေဘူးကို' ဟု တွေးလိုက်ရင်း ပါးစပ်မှလည်း

" ဘာတွေ ဒီလောက် ပြူးပြဲကြည့်နေတာလဲဟင် "

ရရ မေးကာမှ ကြည့်နေတာကိုရပ်ပြီး ရရမျက်နှာအား ကြည့်လိုက်သည်။ မျက်လုံးလေးပြူးကာ ကြည့်နေသည့် ကောင်လေး။

𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now