သိတယ်။ သိနေတယ်။ သားကို သနပ်ခါးလိမ်းပေးရင်း ယုံပုံ ပုံစံခွက်လေးတွေ့တာကြောင့် ဘာရယ်မဟုတ်ကောက်လိမ်းလာတာ။ တစ်ခုခုတော့ ပြောလိမ့်မယ်ဆိုတာ တွက်ပြီးသား။

"ကြည့်မရတော့ ဘာလုပ်ချင်တာလဲ??"

ပြန်မဖြေဘဲ လွန်းအနီးသို့ နီးကပ်လာသည့်မောင့်မျက်နှာ။ တရွေ့ရွေ့ရိုက်လာတဲ့ ထွက်သက်လေတချို့ကြောင့် မျက်လုံးကိုမှိတ်ထားမိလျှင်...

"ပေး အိမ်သော့၊ လွန်း လေးနေမှာစိုးလို့ မောင်သယ်ပေးမယ်နော်"

"ဟမ်...အာ အင်း"

ထင်ထားသည့်အခြေအနေနဲ့ အနည်းငယ်ကွဲနေသည်မို့ ပူတက်လာတဲ့မျက်နှာနှင့် လက်ထဲကအိမ်သော့ကို ယောင်ယမ်း၍ပေးမိသည်။ လွန်းအနားကို ရစ်သီရစ်သီတဝဲလည်လည်လုပ်နေပြီး စပ်ဖြဲဖြဲကြည့်နေတဲ့ မျက်နှာကြီးက မမြင်ချင်မှအဆုံးပေ။

"ဖယ်စမ်းပါ! ရှေ့ကနေ ကန့်လန့်ကန့်လန့်နဲ့"

"ဟောဗျာ မောင်လည်းဘာမှမလုပ်ဘဲနဲ့"

"ဝမ်းတွင်းရူးကောင်!"

စတစ်လက်ရှည်အဖြူ၊ ထောင်ထောင် မောင်းမောင်း ခန္ဓာကိုယ်ကို စိတ်ရှိတိုင်း လုပ်သတ်ပစ်လိုက်ချင်သော်လည်း တကယ့်လက်တွေ့မှာတော့ ရှည်သွယ်သွယ် လွန်းအရွယ်အစားနဲ့ ထိုပုဂ္ဂိုလ်အား မည်သို့မှမနိုင်။ လေးလလောက် Gym ဆော့ပြီးကာမှ အထက်နေရာထိုင်ခင်းကို တက်လုပစဦးမည်။ လတ်တလောတော့ လက်သီးသာထောင်ပြ၍ ကားရှေ့တံခါးကိုကိုယ့်ဘာသာဆွဲဖွင့်ပြီး ဝင်ထိုင်မိလျှင်

"ဖေဖေ မောင်းဘူးယား"

"ဟင်"

မော့ကြည့်မေးလာတဲ့ သားနဲ့အတူ..

"လွန်းက လမ်းသိလို့လား၊ တစ်ခါပဲရောက်ဖူးတာနော်၊ မှတ်မိတယ်ဆိုလည်း သဘောပေါ့၊ မောင်း မောင်း ကူးလေး လာ ဖေ့ဆီလာ"

မောင်က ကူးကူးကို ကောက်ချီကာ တစ်ဖက်ခြမ်းဆီသွားဖို့ ခြေဉီးပြင်သည်။ ထိုအခါမှကြည့်မိတော့ စိတ်ဆိုးဆိုးနဲ့ဝင်ထိုင်မိတဲ့နေရာက driver seat ဖြစ်နေသည်။ ရန်ကုန်မှာ ဘယ်နေရာက Bar က ကောင်းတယ်၊ ဘယ်ဆိုင်က Alcohol ကမှ ပိုပြီးစစ်တယ်ဟူ၍ လွန်းမသိတဲ့နေရာဆိုတာ မရှိသော်ငြား ထိုအထဲတွင် ဘုန်းကြီးကျောင်းကတော့ ချွင်းချက်။

High Boss's Husband (Completed)Where stories live. Discover now