စိတ်လျှော့ ဇာမ်မင်းထည်ယံ! စိတ်လျှော့! မင်းအလိုလိုက်ခဲ့လို့ ဆိုးနေတာ!

"ကလေးလည်းမဟုတ်ဘဲနဲ့ မောင့်အချစ်ရယ်၊ ဆံပင်ရောင်လေးပဲ ပြောင်းမယ်လေကွာ ၊ နားကပ်မဖြုတ်ချင်မဖြုတ်နဲ့"

"တကယ်??"

အချော့ကြိုက်တဲ့သူက ပိုပိုသာသာလေးပြောတော့ လှည့်ကြည့်လာသည်။ မတတ်နိုင်။ ဇာမ့်ဘက်က တစ်ထစ်မလျှော့ရင် ဒီဇာတ်ပြီးဖို့ လမ်းမမြင် ကမ်းမမြင်။

"တကယ် တကယ်၊ ကဲ အဲ့ဒါဆို ပြေပြီနော်"

"အိုခေ၊ ကျေတာတော့ မကျေသေးပေမဲ့ ပြေလိုက်ပါ့မယ်"

လက်ညှိုးကိုလက်မနဲ့ဝိုင်းပြီး ပြောနေတာက အချေဂိုက်နှင့်။ "ဒါက ဆေးဆိုးဖို့အထုပ်" ဆိုပြီး ဇာမ့်အခေါ် ခရမ်းသီးရောင်၊ သူ့အခေါ် ခရမ်းပြေးနုရောင် ဆိုးဆေးထုပ်ကိုကမ်းပေးတော့ "မောင်ဆိုးပေးလေ"ဟု ပြောလျက် ကျေးဇူးရှင်က ရှေ့ကနေ ကော့တော့ကော့တော့နဲ့ ရေချိုးခန်းထဲဝင်သွားသည်။ ထိုတော့လည်း အထုပ်ကိုင်ပြီးလိုက်ရသည်ပေါ့။

"ရေထပ်ချိုးမလို့လား လွန်း"

"အင်းလေ၊ ဆေးတွေပေမှာနဲ့အတူတူ မထူးတော့ဘူး"

"ဆေးက မပေပါဘူး၊ လျှော်နက်ထုပ်လိုပဲဟာ၊ ခေါင်းလျှော်လိုက်တာနဲ့ သူ့ဘာသာအရောင်ပြောင်းသွားမှာ"

ရေချိုးကန်ထဲကနေ ကိုယ်တစ်ပိုင်းထွက်ကာ ဇာမ့်ရှေ့ငုံ့ပေးထားသော ကိုခေါင်းဖြူသည် ဆတ်ခနဲမတ်လာပြီး...

"ပြစမ်းပါ အဲ့အထုပ်" ဟုဆိုကာ ဇာမ့်လက်ထဲက လေးထောင့်ထုပ်ကို ချက်ချင်းဆွဲလုသွား၏။

"ဘာဖြစ်လို့လဲ လွန်း"

"မဟုတ်ဘူး အပေါစားတွေဖြစ်နေမှာစိုးလို့ Made in Made in.. ဘယ်နားမှာလဲ Made in..."

အနီးမှုန်အဝေးကန်းက မျက်ကပ်မှန်ချွတ်ထားတာကြောင့် မမြင်ရ၍ အထုပ်ပေါ်က စာသေးသေးတွေကို မျက်မှောင်စုကျုတ်လျက် အစွမ်းကုန်ကြိုးစားဖတ်ရှုလျက်ရှိသည်။

"မောင်က မကောင်းတာဝယ်ပါ့မလား လွန်းရာ၊ ကိုသုကို သေချာပြောပြီး မှာထားတာပါ"

High Boss's Husband (Completed)Where stories live. Discover now