Chapter(268) - အားဟန်ရဲ့ကံကြမ္မာ

Начните с самого начала
                                    

နောက်ပိုင်းမှာတော့ပေရှစ်ထျန်းကကိုယ်ထည်တစ်ခုလုံးနက်မှောင်နေတဲ့ဓားတစ်ချောင်းကိုတစ်နေရာရာနေရှာတွေ့ခဲ့ပြီး'နတ်ဘုရားသတ်ခြင်း'ဟုအမည်မှဲ့တွင်စေခဲ့၏။သူကထူထဲ၊လေးလံပြီးအေးစက်ကာမနှစ်မြို့ဖွယ်ကောင်းသည့်ပုံစံမျိုးကလစ်လျူရှုဖို့ခက်ခဲလှသည်။

ထိုလျှန်လျှန်ကလည်းမဟာအကြီးအကဲလန်ယွဲ့ဆီကနေမေ့ပျောက်ခံလိုက်ရပုံဖြင့်ဘယ်သူမှသူမကိုနောက်တစ်ဖန်ထပ်မပြောကြတော့ပေ။ပေ့ရှစ်ထျန်းကလည်းသူမကိုသူ့သဘောဆန္ဒအလျောက်ပြန်ပို့မှာမဟုတ်–

ဓားကျင့်ကြံသူများအတွက်ကတော့ဓားသည်သူတို့ရဲ့မိဘတွေအိမ်ထောင်ဖက်တွေထက်ပင်ပိုပြီးနီးကပ်သည့်တည်ရှိမှုတစ်ခုဖြစ်သည်။ပေ့ရှစ်ထျန်းမှာပြင်းထန်လှတဲ့လူသတ်ငွေ့တွေရှိနေတယ်ဆိုရင်တောင်သူနဲ့နှစ်ပေါင်းများစွာအဖော်ပြုပေးခဲ့တဲ့လျှန်လျှန်နဲ့လမ်းခွဲနိုင်မှာမဟုတ်ပေ။

လူများသည်လည်းသွေးစွန်းနေတဲ့အရာဝတ္တုနဲ့ပတ်သတ်ဆက်နွယ်လိုစိတ်မရှိကြဘူးဖြစ်သည်။ရေရှည်မှာတော့တစ်ချို့တစ်လေဖြစ်ပျက်ခဲ့တာတွေနဲ့ပေါင်းစပ်သွားပြီးဝမ်ရိထုန်နဲ့ပေရှစ်ထျန်းတို့ရဲ့ဆက်ဆံရေးကလုံးဝပျက်တောက်သွားတော့၏။

အတိအကျပြောရရင်တော့ဝမ်ရိထုန်ဘက်ကနေသာဖြတ်တောက်ပစ်လိုက်ခြင်းဖြစ်သည်။

ပေ့ရှစ်ထျန်းသည်ဘယ်တုန်းကမှစကားသိပ်မပြောပေ။သူကအမြဲတမ်းတိတ်တဆိတ်သာနေခဲ့ပြီးသူ့ရဲ့ဖြစ်တည်မှုကိုအားနည်းသွားစေရန်ကြိုးပမ်း၍သူမရှိသည့်အလားနေထိုင်သည်။ဒါပေမဲ့လည်းသူ့တည်ရှိမှုကအလွယ်တကူအားနည်းမသွားနိုင်ဘူး။

"ငါတို့ရောက်ပြီ" ကျန်းဖုန်းထင်ကသူ့ရှေ့ကတာအိုဘုရားကျောင်းကိုလှမ်းကြည့်လိုက်သည်။

"ဒီနေရာကဆရာမကြာခဏနေတဲ့နေရာပဲ...အကယ်၍သူကနတ်ဝိဇ္ဇာစင်မြင့်ပေါ်မှာမဟုတ်ဘူးဆိုရင်မင်းသူ့ကိုရောင်ခြည်စံအိမ်မှာသွားရှာလို့ရတယ်"

သူတို့ရောက်တော့ပေ့ရှစ်ထျန်းအကြောင်းတောက်လျှောက်မကောင်းပြောလာတဲ့ဝမ်ရိထုန်လည်းတိတ်ဆိတ်သွားသည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းМесто, где живут истории. Откройте их для себя