^Second Face^ Part-11

Começar do início
                                        

ကောင်လေးထွက်မသွားသေးဘူးပေါ့ ကောင်လေးပြမ်လာမှာပါ Luhan ပြုံးလိုက်တယ် ပြီးတော့ မျက်ရည်တွေ ကျလာတယ် ကောင်လေးမမုန်းပါစေနဲ့ ခွင့်လွှတ်ပြီးနားလည်နိုင်ပါစေလို့ ဆုတောင်းရင်းပေါ့

Hun အိမ်ပြန်လမ်းမှာ ph ကိုကြည့်ပြီး တစ်ချင်ရယ်လိုက်တယ် သြော်... ph ခေါ်ဖို့တော့သတိရသေးတာပဲ မီးပွိုင့်မိနေတုန်း ph ကိုကိုင်ပြီး Luhan ph.no အား black list ထဲထည့်လိုက်တယ်

company မှာထဲက တမင်မကိုင်တာလေ တစ်သက်လုံး မကိုင်ဘူး ကြိုက်သလောက်ဆက်စမ်း ပါ Luhan ရ ဟား ဟားးး ဟန်ဆောင်နေတာတွေ သိပ်မုန်းတာပဲ ခင်ဗျားကြီးက ဟန်ဆောင်ကောင်းသူ ကြီးပါ

Hun အိမ်ပြန်မယ်လုပ်ပြီးမှ လမ်းကြောပြောင်းကာ တစ်နေရာကို ဦးတည်လိုက်တယ် သူနဲ့အတူနေခဲ့တဲ့ အိမ်လေးကိုပေါ့ ဒါပေမယ့် အရင်လိုလွမ်းဆွေးနေတဲ့ ပုံစံနဲ့ သွားတာမဟုတ် နာကျည်းမုန်းတီးနေတဲ့ နှလုံးသားတစ်စုံနဲ့သာ

Hun အိမ်တံခါးကို ဖွင့်လိုက်တော့ Luhan ရဲ့ကိုယ်သင်းနံ့က နှာဖျားထက် တိုးဝင်လာတယ်

ဟား Sehun မင်းရူးသွပ်ရမယ့် အချိန်မဟုတ်ဘူး အဲ့အချိန်ကလွန်သွား ပြီ စိတ်အထင်လို့မှတ်ထာခဲ့ပေမယ့် Luhan က သူ့ရှေ့မှာရပ်ပြီး ရွှန်းလဲ့တဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေတော့ .....

ကျွန်တော်မအံ့သြတော့ပါဘူး ကျွန်တော်မပျော်တော့ပါ ဘာလို့လဲဆိုတော့ ကျွန်တော်က သူ့ကိုမျှော်လင့်နေတဲ့ ကောင်လေးမှ မဟုတ်တော့တာ

ကောင်လေးးးး.. Luhan တိုးညင်းစွာ ခေါ်ပြီး ရှေ့ကိုတိုးလာတယ်

မုန်းတယ် အသံ အကြည့် မျက်ဝန်းတွေ ခြေလှမ်းတွေကအစ အကုန်မုန်းတယ်

Sehun Luhan ကို ပခုံးနဲ့တိုက်ပြီး အိပ်ခန်းထဲဝင်ကာ ပစ္စည်းတွေ သိမ်းလိုက်တယ်

ကောင်လေး ဘာလုပ်နေတာလဲ

Sehun ပြန်မဖြေ

ကောင်လေး hyung တောင်းပန်ပါတယ် စိတ်ဆိုးနေတာလား Ugh!! လာပြန်ပြီ တောင်းပန်တယ် စိတ်ဆိုးသွားလား ဒါပဲ ခင်ဗျားမှာ ဒါပဲပြောစရာရှိတယ်

ကောင်လေးး hyung ကိုကြည့်ပါဦး စကားပြန်ပြောပါဦး

Luhan ပြောရင်းမျက်ရည်တွေ စီးကျလာတယ် ရင်ဘတ်ထဲကနာကျင် လျက် ....

ကောင်လေး ကောင်လေး hyung ကို မမုန်းပါနဲ့ မခေါ်ချင်နေပါနော် နော်

ငိုသံတွေပါလာတော့ Sehun တစ်ချက်လှည့်ကြည့်လိုက်တယ်

ငိုနေတယ်ဟုတ်လား Hak!! ငိုစမ်းပါ ကျွန်တော့်မျက်ရည်တွေကိုတော့ မှီမှာမဟုတ်ဘူး အရင်လို မငိုပါနဲ့ hyung ရယ်လို့ပြောမယ့်သူ မဟုတ်ဘူးး

Sehun စိတ်ထဲကနေ စိမ်းကားတဲ့ စကားတွေ ပြောနေပြီး ခက်ထန်တဲ့ အကြည့်တွေနဲ့ Luhan ကို ကြည့်လိုက်တယ် Luhan ကတော့ အပြစ်သားတစ်ယောက်လို ခေါင်းငုံ့လျက်

အခန်းဝမှာပိတ်ရက်နေတဲ့ Luhan ကို

နည်းနည်းဖယ်ပေးလို့ရမလား

Sehun မျက်နှာကို လွှဲထားပြီး ပြောလိုက်တယ်

Luhan နောက်ကိုဆုပ်ပေးလိုက်တော့ ခြေလှမ်းကျဲတွေနဲ့ Sehun အိမ်ပါက်ဝဆီ ဦးတည်လိုက်တယ်

Luhan လက်အစုံ Sehun ရဲ့ အဝတ်အိတ်ကိုင်ထားတဲ့ လက်လေးကို ဖမ်းဆွဲပြီးးး

မသွားပါနဲ့ hyung နားမှာခဏနေပါ မနေချင်ဘူးဆိုလည်း ရှင်းပြတာလေး နားထောင်ပေးပါ hyung က အသုံးမကျတဲ့သူပါ ကောင်လေး ခံစားနေရတဲ့အချိန်မှာတောင် အနားမှာ မရှိပေးခဲ့ဘူး

Sehun လက်တွေကို ခါထုတ်ပြီး ခြေတစ်လှမ်းထပ်တိုးလိုက်တော့

Hyung ပျော်နေတယ်ထင်နေလား hyung မပျော်ဘူး hyung ရဲ့ mama ရောဂါအခြေအနေကြောင့် ဒီလိုတွေ ဖြစ်ကုန်တာပါ ပြီးတော့ papa ကလည်းကတိမတည်ခဲ့ဘူး

အရေးမပါတဲ့ အဓိပ္ပါယ်မရှိတဲ့ အလိမ်အညာတွေကို နားထောင်ဖို့အတွက် ကျွန်တော့်မှာ အချိန်မရှိဘူ်း အရင်လို အားနေတဲ့ ကလေးမဟုတ်တော့ဘူး လုပ်စရာအလုပ်တွေ အများကြီးရယ်

Hun ကားကိုအရှိန်ပြင်းစွာ မောင်းထွက်သွားတော့ Luhan အရုပ်ကြိုးပျက်လဲကျသွားတယ် ကောင်လေးရယ်..... မင်းကို ဆွဲထားဖို့ hyung မှာအရည်အချင်းမရှိပါဘူး hyung က သိပ်ပျော့ညံ့တဲ့သူ တစ်ယောက်ပါ

ဒါပေမယ့် hyung ကို နားလည်ပေးမယ့် အချိန်ကို စောင့်မျှော်နေပါ့မယ် ကလေးရယ် ကျေးဇူးပြု၍ hyung ကို လှည့်ကြည့်ပေးပါ hyung လို မကောင်းတဲ့သူက အနှောင့်အယှက်ပါပဲ

Waiting for vitamin votes and feedbacks...saranghae....

gamsamitha... 90° bows....

ပျင်းဖို့ကောင်းသွားလား နောက် part တွေကျရင် second face ရဲ့ အဓိက အချိန်ရောက်လာတော့မှာပါ


^Second Face^ ( Completed ) Onde histórias criam vida. Descubra agora