ဂျီမင် ဘာစကားမှထပ်မပြောမိတော့ပေ.. တဘ၀လုံးသူ့ကိုတွေ့ချင်လို့တကူတကလာတွေ့တဲ့သူမရှိဘူးသေးပေ.. နောက်ဆုံးကမ်နမ်ဂျွန်းနဲ့ ဂျီမင့်ဆွေမျိုးမိဘတွေကအစ သူတို့လိုအပ်တဲ့အချိန်မှသာလာတွေ့လေ့ရှိသည်..

"သတိရလို့.."

"ခင်များ ဘာတွေလျှောက်ပြောနေတာလဲ"

"မင်းပဲမေးတာလေ.."

"အဲတာ တော်ပီခင်များနဲ့ဆက်မငြင်းတော့ဘူး"

ဂျီမင်ထသွားဖို့လုပ်တော့ ယွန်းဂီဂျီမင့်လက်ကနေဆွဲချလိုက်တယ်.. ဂျီမင်လဲအမှတ်တမဲ့နဲ့ ယွန်းပေါင်ပေါ်ကိုထိုင်လျက်သားကျသွားတယ်..

"ခင်များ!!"

"ရှူး.. ဒီအတိုင်း ခနလေးပဲနေပေး"

ယွန်းဂီရဲ့၀င်သက်ထွက်သက်တွေကဂျီမင့်ရဲ့ဂုတ်ပိုးပေါ်ကိုကျရောက်နေတယ်..

"မင်းက အရမ်းမွှေးတာပဲ"

ဂျီမင် နောက်ဆုံးတော့မနေတတ်တော့ဘဲ ယွန်းဂီစီကနေရုန်းပီး ထွက်ပြေးသွားတော့တယ်..

'ချစ်စရာကောင်းလိုက်တာ ဒါပေမဲ့မင်းကိုငါချစ်လို့မဖြစ်ဖူး'
.
.
.
.
.
.
.
ဟိုဆော့ နမ်ဂျွန်းစီကိုဖုန်းဆက်လိုက်သည်.. ထိုလူလွတ်သွားပီဆိုတဲ့နေ့ကတည်းကနမ်ဂျွန်းစီဖုန်းဆက်ရတာလဲအလုပ်တလုပ်ပင်..

#Hello#

#နမ်ဂျွန်း#

#အင်း ရှာတွေ့ပီလား#

#ဟင့်အင် ငါလူငှားပီးရှာခိုင်းထားတယ်#

#မင်းကိုပဲအားကိုးရမှာပဲ ငါတို့ထဲမှာ သူ့ကိုမြင်ဖူးပီးမှတ်မိတဲ့သူကမင်းပဲရှိတယ်#

#ဒါနဲ့ နမ်ဂျွန်း မင်းပတ်၀န်းကျင်မှာရော ထူးဆန်းတဲ့လူမရှိဘူးလား#

#ဘာလို့မေးတာလဲ#

#ငါ့အထင် သူကမင်းနဲ့ဂျီမင့်ပတ်၀န်းကျင်မှာရှိနေမယ်ထင်တယ် ငါကသူ့ကိုမှတ်မိနေတော့ငါ့ပတ်၀န်းကျင်မှာတော့သူလက်လွတ်စပယ်ထွက်မလာလောက်ဘူး#

#အဲ့လိုမျိုးတော့မရှိဘူး#

#ဟုတ်လား#

Only you (Complete)Where stories live. Discover now