"နောက်တခါ ထပ်ရောင်းစားမပစ်နဲ့"

ပြောပီးပီးချင်း နမ်ဂျွန်းအခန်းထဲကနေအမြန်ထွက်သွားသည်.. ဆော့ဂျင်လည်း နမ်ဂျွန်းပစ်တင်ခဲ့တဲ့ဘူးလေးကိုဖွင့်ကြည့်လိုက်တော့ ဟိုတစ်နေ့သူထွက်ပြေးတုန်းက ပေါင်ခဲ့တဲ့ သူတို့ရဲ့လက်ထပ်လက်စွပ်..
.
.
.
.
.
.
.
"ဟိုဆော့"

ထယ်ယောင်းဟိုဆော့ နောက်ကျောကနေသိုင်းဖက်လိုက်သည်.. ဟိုဆော့ကတော့ပုံမှန်နဲ့မတူပဲထယ်ယောင်းရဲ့လက်ထဲကနေရုန်းနေသည်..

"နဲနဲပင်ပန်းနေတယ်"

"ဟင်.. အလုပ်တွေများလို့လား"

"မသိပါဘူး"

တကယ်တော့ ဟိုဆော့အခုတလော စိတ်မချမ်းသာလှပါ.. ထိုလူထောင်ထဲကထွက်လာပီဆိုတဲ့နေ့ကတည်းက စိတ်တွေပူလောင်နေရသည်.. ထိုလူ့ကိုရှာနေပေမဲ့အခုထိအရိပ်အယောင်တောင်မတွေ့ရသေး.. ထို့အပြင်ဆေးရုံအလုပ်တွေကရှုပ်.. အိမ်ပြန်ရောက်တော့လည်း ထယ်ယောင်းကိုလိုက်လျောပေးရ.. အိမ်မှုကိစ္စတွေလုပ်ရနှင့်တကယ်ပဲပင်ပန်းသည်..

"ထယ်ယောင်း ငါလေမင်းကိုမေးစရာရှိတယ်"

"ဟင်.. မေးလေ"

"အကယ်၍ ငါ အပြစ်တခုကျူးလွန်ခဲ့မိရင် မင်းငါ့ကိုခွင့်လွှတ်ပေးနိုင်မလားဟင်"

"ဘာအပြစ်လဲ..?"

"ဘာမှမဟုတ်တော့ပါဘူး*

ဟိုဆော့ ထယ်ယောင်းရှေ့ကနေထွက်သွားလိုက်သည်...

'ဟိုဆော့ တကယ်ပဲ ဟယ်ဆူအမှုနဲ့ပတ်သတ်နေတာလား'
.
.
.
.
.
.
.
"ပတ်ဂျီမင်"

ဂျီမင်ကော်ဖီသောက်နေရာကနေမော့ကြည့်လိုက်သည်.. ထိုလူကတော့အခုလိုသူ့ကိုမတွေ့တွေ့ရအောင် ဖုန်းတွေအခေါက်ပေါင်းများစွာခေါ်ပီး အလုပ်ပြတ်အောင်လုပ်တဲ့တရားခံ မင်ယွန်းဂီ..

"CEO Minဘာလို့ကျွန်တော့ကိုလိုက်နှောက်ယှက်နေရတာလဲ"

ယွန်းဂီကတော့ သူ့မူပိုင်ခပ်မဲ့မဲ့အပြုံးကိုပြုံးရင်း ဘေးကထိုင်ခုံမှာ၀င်ထိုင်လိုက်သည်..

"ကျွန်တော်နဲ့တွေ့ဖို့ပြောတာ ဘာကိစ္စလဲ"

"တွေ့ချင်လို့"

Only you (Complete)Where stories live. Discover now