ဂျန်းကုဘေးမှာရှိတဲ့ ဝိုင်ခွက်ထဲကဝိုင်ကိုအရသာခံပီးသောက်နေလိုက်တယ်...

"ကမ်နမ်ဂျွန်း ခင်များကျွန်တော့စီမှာကျရှုံးမဲ့နေ့ရောက်လာတော့မှာပါ"

ထယ်ယောင်းကဖုန်းကိုတချက်ထုတ်ကြည့်ပီး...

"ငါပြန်တော့မယ်.. ဒီနေ့ဟိုဆော့မွေးနေ့ ညနေမင်းနဲ့သွားတွေ့မှငါ့ကိုဖုန်းဆက်လိုက်လေ.."

ဂျန်းကု ထယ်ယောင်းကိုခေါင်းငြိမ့်ပြလိုက်သည်..

'ထယ်ယောင်း အကယ်၍ ဒီအမှုမှာ မင်းအရမ်းချစ်တဲ့ဂျန်းဟိုဆော့ဆိုတဲ့သူက ပါ၀င်နေခဲ့မယ်ဆိုရင် မင်းဘလိုလုပ်မလဲ.. ငါ ကမ်နမ်ဂျွန်းကိုအနိုင်ယူချင်ပေမဲ့ငါ့သူငယ်ချင်းဖြစ်တဲ့မင်းကိုမထိခိုက်စေချင်ဘူး..'
.
.
.
.
.
.
.
ဂျီမင် ဟိုဆော့အိမ်ပြန်လိုက်ပို့ပေးမယ်ပြောသည်ကိုငြင်းပီး လမ်းလျှောက်ပြန်လာခဲ့လိုက်သည်.. ဂျီမင့်၏မျက်လုံးထဲတွင်လဲ ထိုနေ့ကသွေးတွေပေ‌ကျန်နေတဲ့ ကမ်ဟယ်ဆူကသာနေရာယူထားသည်.. ဂျီမင်လုံး၀စိတ်နဲ့လူနဲ့မကပ်တော့ပေ..

*တီ.... တီ*

ကားဟွန်းတီးသံကြောင့် ဂျီမင်ထိတ်လန့်ပီးလဲကျသွားမိသည်.. တကယ်တော့ကားသည်အရှိန်ဖြင့်မောင်းလာခြင်းမဟုတ် ဂျီမင်ကသာအသိစိတ်ကပ်မနေခြင်းပင်.. ကားထဲကလူတစ်ဦးဆင်းလာပီ ဂျီမင့်ကိုလာကြည့်လေသည်...

"အတွင်းရေးမှူးပတ် ထပ်တွေ့ပြန်ပီနော်"

"ခင်များ!! မင်ယွန်းဂီ"

"ဒါနဲ့ဘာဖြစ်သွားသေးလဲ ဒဏ်ရာတွေရသွားသေးလား.."

ယွန်းဂီလဲကျနေတဲ့ဂျီမင့်ကိုထူပေးလိုက်သည်..

"ဘာမှမဖြစ်ပါဘူး.. ဒီအတိုင်းလန့်သွားရုံလေးပါ"

"ဒီနေ့အတွင်းရေးမှူးပတ်စိတ်နဲ့ကိုယ်မကပ်ဖူးထင်တယ်နော်.. သတိလေးဘာလေးတော့ထားမှပေါ့.."

"ရပါတယ် CEOမင်.. ကျွန်တော့ကိုခွင့်ပြုပါဦး.."

"ကျွန်တော်လိုက်ပို့ပေးမယ်လေ"

"မလိုပါဘူး ကျွန်တော်ဘာသာပြန်လိုက်ပါ့မယ်"

ယွန်းဂီ ထွက်သွားတဲ့ ဂျီမင့်ကိုကြည့်ရင်း တချက်ပြုံးလိုက်မိသည်..

Only you (Complete)Where stories live. Discover now