ဟိုဆော့ သက်ပြင်းချလိုက်ပီး စားပွဲပေါ်မှာတင်ထားတဲ့ရေခွက်ထဲရေကိုအကုန်သောက်ပစ်လိုက်သည်..

"ဒါနဲ့ ဂျွန်းဂျန်းကုပြန်ရောက်ပီဆိုတာမင်းတို့နှစ်ယောက်လုံးသိတယ်မလား"

နမ်ဂျွန်းရော ဂျီမင်ရောဘာမှပြန်မဖြေပေ..

"မင်းတို့ငါ့ကိုဘာလို့မပြောတာလဲ"

"သူကပြဿနာမှမဟုတ်တာ"

"အခုသူကလဲပြဿနာပဲ.. သူက ကမ်ဟယ်ဆူ မဆုံးခင်က နေက်ဆုံး၀တ်ခဲ့တဲ့အ၀တ်အစားက အနီရောင်ဆိုတာသူသိနေတယ်.."

"ဘလိုလုပ်.."

ဂျီမင်ကတော့ ပြိုလဲကျတော့မတက်ဖြစ်နေပီ သူ့ရဲ့မျက်၀န်းတွေထဲကမျက်ရည်တွေကျလာလေသည်...

"ဒါက ကမ်ဟယ်ဆူ ကျွန်တော်တို့သုံးယောက်ကိုဒဏ်ခတ်တာလား... တကယ်ဆိုရင်ကျွန်တော့မှာပဲအပြစ်ရှိတာပါ"

ဟိုဆော့ ဂျီမင့်ရဲ့တုန်နေတဲ့လက်လေးကိုဆုပ်ကိုင်ပေးလိုက်သည်...

"မဟုတ်ပါဘူး ငါတို့သုံးယောင်လုံးမှာအပြစ်ရှိတာပါ.. ငါဆိုရင်လည်း သက်သေတွေကိုဖျောက်ပီး အခင်းနေရာကိုရှင်းခဲ့တဲ့အပြင် မှုခင်းဆရာ၀န်တွေနဲ့ပေါင်းပီ တခြားတယောက်အပေါ်ကိုအပြစ်ဖို့ခဲ့တာမဟုတ်လား.."

"ဒါပေမဲ့ ကျွန်တော်ကတော့ သူ့ကိုသတ်ပစ်ခဲ့တာလေ သူ့ရဲ့ခေါင်းကို ကျွန်တော့လက်နဲ့ကိုယ်တိုင်...."

နမ်ဂျွန်းကတော့ ဘာစကားမှမပြောပဲတခုခုကိုစဉ်းစားနေလေသည်....
ဟိုဆော့ကလဲဂျီမင့်ကိုနှစ်သိမ့်ပေးနေလေသည်...
.
.
.
.
.
.
.
ဂျန်းကုပြောလက်စဖုန်းကိုချလိုက်ပီးမဲ့ပြုံးတစ်ခုဖန်တီးလိုက်သည်..

"နောက်ဆုံးတော့ မင်းတို့သူလွတ်သွားတာကိုသိသွားပီပဲ.."

ဘေးမှာထိုင်နေတဲ့ထယ်ယောင်းကတော့ဘာလဲဆိုတဲ့အကြည့်နဲ့ကြည့်နေလေသည်..

"ဂျန်းကု တကယ်ပဲသူကတရားခံမဟုတ်ဖူးဆိုတာကိုမင်းယုံကြည်လား"

"အင်း ငါယုံလို့ပဲ.. သူ့ကိုကူညီပေးခဲ့တာပေါ့ အဲဒီတုန်းကရော အခုရော.."

"သူနဲ့ဘယ်တော့လောက်ဆုံဖို့စဉ်းစားထားလဲ"

"ဒီညနေ.."

Only you (Complete)Where stories live. Discover now