နမ်ဂျွန်း လက်ထဲကဓာတ်ပုံလေးတွေကိုပွေ့ပိုက်ထားလိုက်သည်..

"တောင်းပန်ပါတယ် အကုန်ကိုယ့်ကြောင့်ပါ.."

'ချစ်ရသူကို ကိုယ့်လက်နဲ့ကိုယ်ပြန်သတ်မိတဲ့အဖြစ်.. ချစ်ရသူဟာကိုယ့်လက်ပေါ်မှာတင်သေသွားတဲ့အဖြစ်... ဒီလိုအဖြစ်မျိုးကို ဘယ်သူကခံနိုင်ရည်ရှိမှာလဲ... ကမ်နမ်ဂျွန်းဖြစ်နေလို့.. ကိုယ်ကကမ်နမ်ဂျွန်းဖြစ်နေလို့သာ တောင့်ခံနိုင်နေတာ.. တခြားတယောက်သာဆိုရင် သေချာပေါက်ရူးသွပ်မိမယ်ထင်တယ်..'

ထိုရက်မှာ ကိုယ့်ကိုယ်ကိုအပြစ်တင်နေခဲ့တဲ့ကောင်လေးနှစ်ယောက်လဲရှိနေမှာသေချာသည်.. သူတို့သုံးယောင်ရဲ့အပြစ်တင်စိတ်တွေကတော့ ကမ်ဟယ်ဆူရဲ့သေဆုံးမှုနဲ့အလုံးစုံကိုတိုက်ရိုက်ပတ်သတ်နေသည်...
.
.
.
.
.
.
.
ဂျီမင် ဒီနေ့ ဟိုဆော့နဲ့ဖုန်းပြောဖြစ်သည်.. ဟိုဆော့ကတော့ ဟယ်ဆူ့ရဲ့အုတ်ဂူစီကိုသွားမယ်တဲ့.. သူဘယ်လိုစိတ်နဲ့များထိုသူ့အုတ်ဂူရှေ့မှာရပ်နေနိုင်မှာလဲ.. သူ့ရဲ့မျက်နှာနဲ့ သူ့ကိုသတ်ထားတဲ့ဒီလက်တစ်စုံနဲ့ဘယ်လိုများသူ့ရှေ့မှာရပ်နိုင်မှာလဲ... ဟိုဆော့ကိုတော့မလိုက်တော့ဘူး‌လိုငြင်းထားလိုက်သည်.. တကယ်တော့ ထိုသူ့ရှေ့မှာ ရပ်ဖို့သတ္တိရှိမနေခဲ့တာပင်..

"ကမ်ဟယ်ဆူ မင်းကတော့ငါ့ကိုအရမ်းမုန်းနေမှာပဲနော်.. ငါ့ကိုတင်မဟုတ်ဘူး သူ့ကိုရော အကိုဟိုဆော့ကိုရော ငါတို့သုံးယောက်လုံးကိုမင်းမုန်းနေမှာပေါ့.. ဒါပေမဲ့တကယ်တော့အပြစ်ရှိတဲ့သူကငါပါ... ကမ်နမ်ဂျွန်းသူကမင်းကိုဘလောက်ချစ်တယ်ဆိုတာ မင်းသိတယ်မလား.. အဲဒီတုန်းကသူအသိစိတ်လွတ်နေခဲ့လို့ပါ.. အကိုဟိုဆော့ကတော့ မတတ်သာလို့သာနောက်ပိုင်းကိစ္စတွေကိုရှင်းလင်းပေးခဲ့ရတာပါ.. မင်းမုန်းမယ်ဆိုရင်ငါ့ကိုပဲမုန်းပါ... ငါ့ကိုပဲအပြစ်ပေးပါ"

ဂျီမင် တယောက်တည်းငိုကြွေးနေမိသည်... ပုံမှန်ခြောက်ခြားစရာအိမ်မက်ဆိုးကြီးဟာ ဒီနေ့မှပိုပီးခြောက်ခြားနေသလိုပင်..
.
.
.
.
.
.
.
အုတ်ဂူတခုပေါ်မှာ ထွင်းထားတဲ့နာမည်လေး ကမ်ဟယ်ဆူ... အဲဒီအုတ်ဂူလေးရှေ့မှာ ချထားတဲ့ အနက်ရောင်နှင်းဆီပန်းတစည်း.. အဲဒီအုတ်ဂူလေးရှေ့မှာ အဖြူရောင်နှင်းဆီပန်းနဲ့ အဝါရောင်နှင်းဆီပန်းနှစ်စီးကိုကိုင်ရင်းရပ်နေတဲ့လူတယောက်..
သူကတော့ ဂျွန်းဂျန်းကု..

Only you (Complete)Where stories live. Discover now