"ဒီမှာလေ ဒီကအရစ်စိန်နဲ့တွေ့နေလို့"

'ငါ့ကိုများအရစ်စိန်တဲ့.. ရုပ်ကိုက မျောက်သစ်ပင်ပေါ်မတက်နိုင်ပဲပြုတ်ကျလာတဲ့ရုပ်ကများ..'

ဆော့ဂျင်စိတ်ထဲကနေသာ ကျိန်ဆဲလိုက်သည်.. ဂျန်းကု ဆော့ဂျင်ကိုသေချာကြည့်လိုက်ပီး..

"ဟို မင်းက xx ကလပ်ဘားမှာတွေ့ခဲ့တဲ့တယောက်မလား."

ဂျန်းကုကိုဆော့ဂျင် ပြန်ကြည့်လိုက်ရင်း..

"ခင်များနဲ့ကျွန်တော်တွေ့ဖူးလို့လား.."
"ဟို ခင်များအရမ်းမူးနေတဲ့ညက ကျကျန်ခဲ့တဲ့ဘောပင်လေး.."

ဂျန်းကု ၀တ်စုံအိပ်ကပ်ထဲမှာချိတ်ထားတဲ့ရွှေရောင်ဘောပင်လေးကို ဖြုတ်ပေးလိုက်တယ်..

"ဒါဆို ခင်များက စီးတော်မြင်း..!!"

ဆော့ဂျင် လွှတ်ခနဲထွက်တော့မဲ့ပါးစပ်ကိုအမြန်ပိတ်လိုက်ရတယ်..

"မင်း သူ့ကိုမကြည့်နဲ့.."

ဆော့ဂျင်ကိုပေါက်ထွက်မတတ် ကြည့်နေတဲ့ဂျန်းကုရဲ့မျက်လုံးတွေကို ထယ်ယောင်းအမြန်လက်နဲ့ကာလိုက်တယ်..

"ဘာလို့လဲ.."
"သူက ကမ်ဆော့ဂျင်လေ.. မင်းသူ့ကိုကြည့်ရင် စွဲလမ်းသွားလိမ့်မယ်.."

'What ဒါငါ့ကိုဖဲ့တာလား.. ချီးကျူးတာလား..'

ဆော့ဂျင်တယောက် ထယ်ယောင်းကိုဘုကြည့်ကြည့်လိုက်တယ်.. ထယ်ယောင်းကတော့ဆော့ဂျင်အကြည့်တွေကိုမျက်ကွယ်ပြုထားလိုက်တယ်..

'ငါ့သူငယ်ချင်းကိုကာကွယ်ရမဲ့တာ၀န်ငါ့မှာရှိတယ်.. မင်းလိုအဆိပ်ပြင်းတဲ့လူနားငါ့သူငယ်ချင်းလုံး၀မရောက်စေရဘူး'

ဆော့ဂျင် စုတ်တချက်သပ်လိုက်ပီး ဂျန်းကုလက်ထဲကရွှေရောင်ဘောပင်လေးကိုယူလိုက်တယ်.. ဒီဘောပင်လေးကသူ့အတွက်အရမ်းအရေးကြီးသည်လေ... ဒီဘောပင်လေးပျောက်သွားတုန်းကဆိုရင် သူသောင်းကျန်းလို့ ကမ်နမ်ဂျွန်းတပည့်တွေအပြင် မင်ယွန်းဂီပါပြေးပေါက်မှားရတယ်မလား..

"ကျေးဇူးပဲ ဒီဘောပင်လေးပြန်ပေးလို့.. အော်.. ပီးတော့ဟိုနေ့ကကိစ္စအတွက်လဲ sorryပါ"

Only you (Complete)Tempat cerita menjadi hidup. Temukan sekarang