ငါဘာကြောင့်အိမ်ပေါ်ကဆင်းပြီး အလုပ်လုပ်နေတာလဲ?

Start from the beginning
                                    

ဒီဦးလေးရဲ့သားဆိုတဲ့သူက ငါ့ကိုအရမ်းရင်းရင်းနှီးနှီး ဆက်ဆံနေတယ်မထင်ဘူးလား။

" လင်းယဲ့ !!!!! "

လင်းယဲ့ မဝင်ခင်ခပ်ဩဩနဲ့ ဒေါသအသံပါနေတဲ့ ရင်းနှီးနေတဲ့အသံကို ကြားလိုက်ရတယ်။ ထိုအသံကြောင့်လင်းယဲ့ ခေါင်းမွေးတွေတောင် ထောင်သွားသလိုဘဲ့။ လင်းယဲ့ အနောက်လှည့်လိုက်ပြီး မျက်လုံးနီနီနဲ့ အနားကိုမြန်မြန်လျှောက်လာနေတဲ့ ဟောက်ရန်ကိုမျက်နှာချင်းဆိုင်လိုက်ရသည်။

" ဘယ်သွားမလို့လဲ "

ဟောက်ရန် လင်းယဲ့လက်ကိုသူ့ဘက်ဆွဲလိုက်ကာ သွားကြားထဲကအသံနဲ့ လင်းယဲ့ကိုကြည့်သလိုလုပ်ပြီး စစ်ရှန်းကိုခပ်စူးစူးကြည့်ပြီး မေးလိုက်တယ်။ လင်းယဲ့က အမြန်အကြောင်းပြချက် ပြောရှာသည်။

" ကျွန်တော်တို့ နေ့လည်စာသွားစားမလို့ "

ဟောက်ရန် လင်းယဲ့ကိုကြည့်လိုက်တယ်။ ' ဒီလိုဆိုရင်တောင် တံခါးတောင်ဖွင့်ပေးစရာမလိုဘူးလေ ' ဟောက်ရန် ပြောမလို့လုပ်ပေမဲ့ စစ်ရှန်းကလက်တစ်ဖက်ထုတ်လိုက်ပြီး

" ကျွန်တော်က ရှောင်ယဲ့သူငယ်ချင်း ချူးစစ်ရှန်းပါ။ ခင်ဗျားက ရှောင်ယဲ့ ခင်ပွန်းထင်တယ်။ "

ဟောက်ရန် နည်းနည်းတော့ စိတ်သက်သာသွားသည်။ သူကလင်းယဲ့ နဲ့သက်ဆိုင်သူဖြစ်အမှန်း ထိုကောင်သိနေသေးသည် မဟုတ်လား။ ဒါကြောင့်အထက်စီးဆန်တဲ့ လေသံနဲ့ စစ်ရှန်းထုတ်ထားတဲ့ လက်ကိုဆွဲကာပြန်လည် နှုတ်ဆက်လိုက်သည်။

" မင်းသိသားဘဲ့ ဆိုတော့အခုငါ့ယောက်ျားကို နေ့လည်စာစားဖို့လာခေါ်တာ နည်းနည်းနောက်ကျသွားရုံလောက်ပဲ အခုငါရောက်ပြီဆို မင်းတစ်ယောက်ထဲသွားလိုက်တော့လေ "

" ဟောက်ရန် "

ဟောက်ရန်ရဲ့ လေသံကပုံမှန်မဟုတ်ပဲ ရန်လိုတဲ့လေသံဖြစ်နေတာကြောင့် လင်းယဲ့အမြန်တားယူရတယ်။ ထို့နောက်စစ်ရှန်းဘက်လှည့်ပြီး

" အကိုစစ်ရှန်း နောက်တစ်ခါမှသွား... "

"ဘာနောက်တစ်ခါလဲ "

"အာ...အခုကျွန်တော့ကိုသွားခွင့်ပြုပါအုံးနော် "

စစ်ရှန်း ကဟောက်ရန်ကိုကြည့်တဲ့ အကြည့်နဲ့လားလားမျှမဆိုင်တဲ့ အကြည့်နဲ့လင်းယဲ့ကိုကြည့်လိုက်တယ်။

မာနကြီးတဲ့ကျွန်တော့်ယောကျာ်းရဲ့ ကိုယ်ဝန်ရှိနေတယ်တဲ့(Complate)Where stories live. Discover now