ိုဟိုလေ စိတ်တော့မဆိုးပါဘူးနော် Sulli လုပ်ပေးသင့်တယ်ထင်လို့ပါ
အင်း ရပါတယ် ရေသွားချိုးတော့လေ မင်းလည်းပင်ပန်းရောပေါ့
Sulli ထွက်သွားတော့ အင်္ကျီဝတ်ပြီး ကျွန်တော်ကုတင်ပေါ် ပစ်လှဲလိုက်တယ် ကျွန်တော့်ရေချိုးပြီးတိုင်း ဒါဝတ် ဟိုဟာဝတ်နဲ့ ဆရာလုပ်တတ်တဲ့ ကောင်လေးကို စဉ်းစားမိတော့
လွမ်းလိုက်တာ ကောင်လေးရယ်....
ကျွန်တော့် ph လေးမြည်လာတော့ မသိတဲ့ no တစ်ခု
Yebowsayaw...
Ya..ငါ့ကောင်ကြီး မင်္ဂလာတောင် ဆောင်သွားပြီပဲ chukhayae... ငါ Kris ကွ ph.no မှတ်ထားဦး
ဟေ့ကောင် kris...ငါက ဘယ်သူများလဲလို့ မင်း america မှာမလား ငါ့ကိစ္စဘယ်လိုသိလဲ
သိဆို internet TV အကုန် news တွေတက်နေတာကို ငါ့ကောင်ရ
ဘာ!!!!!!
Luhan TV ကို ဖွင့်လိုက်တော့ ဆိုက်ဆိုက်မြိုက်မြိုက် မင်္ဂလာပွဲ သတင်းက ဆီးကြိုနေတယ် တစ်ဆက်ထဲ Luhan ဆီ ph တွေဝင်လာတယ် Sulli လည်း အခန်းထဲ အပြေးအလွှား ....
Luhan....
Sulli အော်လိုက်တယ် ဘီရိုက မှန်ကတော့ ကျွန်တော့်ကို အက်ကြောင်းတွေကြားက သရော်နေတယ် ကျွန်တော်လက်တွေထဲ မှန်စတွေ ဆိုက်ဝင်ကာ သွေးစက်တစ်ချို့ ကြမ်းပြင်ပေါ်သို့.....
ကားသော့ကိုကောက်ဆွဲပြီး Papa ဆီ ကျွန်တော်အရမ်းကိုမုန်းတီးနေမိတဲ့ ကျွန်တော့်အဖေဆီပေါ့ .....
ဒုန်းးးး Papa ရဲ့ စာဖတ်ခန်းတံခါးကို ခပ်ကြမ်းကြမ်းဖွင့်လိုက်တော့ ကျွန်တော်လာမှာကို ကြိုသိနေတဲ့ Papa က မိန့်မိန့်ကြီးထိုင်လျက်
လက်ကစာအုပ်ကိုချပြီး ကျွန်တော့်အနားသို့ရောက်လာကာ
သား...ရောက်လာပြီလား
Papa ကတိမတည်ဘူး ဘယ်လိုလုပ်လိုက်တာလဲ ကျွန်တော် ကျွန်တော့်ကိုသတ်လိုက်တာပဲ
လုပ်မှလုပ်တော့ ပီပြင်အောင်လုပ်မှာပေါ့ တိုးတိုးတိတ်တိတ် မင်္ဂလာပွဲကို လူတွေကဘယ်လိုမြင်မလဲ ငါတို့တွေ စီးပွားရေးရော မိသားစုရော ပူးပေါင်းသွားတာကို အားလုံးသိရမှာပေါ့
YOU ARE READING
^Second Face^ ( Completed )
Fanfiction*Hunhan *Yaoi *အချစ်ကြောင့် ဖြစ်ပေါ်လာတဲ့ အမုန်း *အမုန်းကြောင့် မှားမိပြီးမှ *နောက်ဆုံး အချစ်တွေ ပြန်လည်ရှင်သန်မှာလား ဆိုတာတော့
^Second Face^ Part-10
Start from the beginning
