ချူးဝူရုံရဲ့အပေါ်ယံအမူအယာက,သာမာန်အတိုင်းဖြစ်နေသော်လည်းတကယ်တော့ချူးဝူရုံကိုယ်တိုင်တောင်သူ့ရှေ့ကသူချစ်ရတဲ့ချစ်သူကိုဘယ်နှစ်ကြိမ်လောက်တွေးနေမိမှန်းမသိတော့ပေ။အခုသူ့ကိုကိုယ်တိုင်မြင်ရတဲ့အချိန်မှာတော့ဒီလူရဲ့လှုပ်ရှားမှုတိုင်းကသူ့နှလုံးသားကိုအကြီးအကျယ်ထိုးနှက်နိုင်ကြောင်းသာခံစားရသည်။

သူ့ရှေ့ကဒီလူကိုသာသူထွေးပွေ့ခွင့်ရရင်သေချာပေါက်သူ့ကိုယ်ပေါ်ကအဝတ်တွေကိုဖြေးဖြေးချင်းဆီချွတ်ပြီးသူ့ရဲ့နူးညံံပြီးချောမွေ့တဲ့အသားအရည်ကိုထိတွေ့မယ်,ပြီးရင်တင်းတင်းကြပ်ကြပ်ဖက်ထားပြီးသူ့အောက်မှာဖိထားမယ်,ပြီးရင်သူ့ရဲ့ရူးလောက်အောင်လိုချင်နေတဲ့အလိုဆန္ဒတွေကိုခံစားစေမယ်ဆိုတဲ့အတွေးတစ်ခုသာရှိတော့သည်။သူ့ရင်နှလုံးသားထဲမှာသူတစ်ယောက်တည်းကိုသာတွေးပြီးသူ့နှုတ်ခမ်းလွှာကသူ့နာမည်ကိုသာခေါ်စေမယ်....

ချူးဝူရုံသည်သူ့ရှေ့ကလူကိုအလွန်လိုချင်နေသည့်သူ့ဆန္ဒများအားကြိုးစားဖိချနေရသည်။ပြီးနောက်မှာတော့သူ့မျက်လုံးထဲမှာတစ်ချက်ဖြတ်ပြေးသွားသည့်ခရမ်းရောင်အလင်းအားမျက်လုံးကိုအနည်းငယ်မှေး၍ဖုန်းကွယ်လိုက်သည်။ထို့မှသာဒီအခန်းထဲမှအစီအရင်ကရှာမတွေ့သွားမှာဖြစ်၏လေ။

ထို့နောက်လျင်မြန်သောအရှိန်ဖြင့်အခန်းတံခါးရှိရာသို့လျှောက်သွားလိုက်ပြီး'ဆရာ'ဟုနောက်တစ်ကြိမ်ထပ်ခေါ်လိုက်ပြန်သည်။

လီလျိုသည်လည်းသူ့မျက်နှာပေါ်မှာမည်သည့်အမူအယာမှမရှိသော်လည်းအခန်းထဲကချူးဝူရုံကိုသေချာအကဲခတ်နေမိသည်။ဒီရက်တွေအတွင်းချူးဝူရုံကကျင့်ကြံခြင်းလည်းမလုပ်နိုင်ဝိဉာဏ်စွမ်းအားလည်းမသုံးနိုင်သော်လည်းသူ့အခြေအနေကတော့အတော်လေးကောင်းနေသေးသည်။လီလျိုမှာသူ့အကြည့်ကိုပြန်သိမ်းလိုက်ပြီးစိတ်သက်သာရာရသွားမိ၏။

တကယ်တော့ဒီစာအုပ်ထဲကဇာတ်လိုက်တစ်ယောက်အနေနဲ့ချူးဝူရုံမှာသေချာပေါက်ဇာတ်လိုက်ရောင်ဝါဆိုတဲ့ကြီးမားတဲ့အားသာချက်ကြီးရှိနေသည်။မည်မျှကြီးမားတဲ့အကျပ်အတည်းနဲ့ကြုံတွေ့ရသည်ဖြစ်စေချူးဝူရုံကအတိအကျကိုကံမကောင်းမှုအားကောင်းချီးမင်္ဂလာအဖြစ်ပြောင်းလဲနိုင်ပြီးအဆုံးသတ်မှာအောင်မြင်စွာလွတ်မြောက်နိုင်မှာပဲဖြစ်သည်။

(Completed )The Transmigration Routine of Always Being Captured by MLDär berättelser lever. Upptäck nu