[ 4 ] Night Warmth

21.1K 3.1K 28
                                    

[Unicode]

သူ့ရဲ့ အမှတ်တွေ ၆၄မှတ်ထိ လျော့ကျနေပြီဆိုတဲ့အကြောင်း systemရဲ့ notiသံက သူ့နားထဲ အမြှောက်လို ဆက်တိုက် ပစ်ဝင်နေပါတယ်။
ချူယွီက မကြည့်ရဲဘူး။ သူ ငိုချင်နေပေမဲ့ မျက်ရည်အလုံအလောက် မရှိဘူး။ သူ ရှင်းပြချင်ပေမဲ့ သူ့ခံစားချက်ကို ဖော်ပြနိုင်တဲ့ စကားလုံး ရှာမရဘူး။ ပြီးတော့ စိတ်ဖိစီးမှုတွေကြောင့် သူ့အစာအိမ်တောင် နာကျင်လာရတယ်။

လွန်ခဲ့တဲ့ သုံးနှစ်တာ အတွင်းမှာ ရှဲ့ရှီးက အကြိမ်ပေါင်းများစွာ အရိုက်ခံခဲ့ရပြီး သူ နောက်ပိုင်း ကျင့်ကြံဆင့် တက်တဲ့အခါ နှောင့်နှေးစေနိုင်တဲ့ အတွင်းပိုင်းဒဏ်ရာတွေ ရရှိခဲ့တယ်။
ဝတ္ထုထဲမှာ ရှဲ့ရှီးက သူ့မှာ အတွင်းဒဏ်ရာတွေရှိမှန်း သတိမထားမိခဲ့ဘူး။ သူ နောက်တော့ သူ့ရဲ့ ပြင်းထန်စွာ တိုးတက်လာမှုတွေကို စိတ်စွဲနေစဉ်တွင်းမှာ သူ ချီဖောက်ပြန်မှုနဲ့ ကြုံတွေ့ခဲ့တယ်။ သူ လူအနည်းငယ်ကို သတ်ပစ်လုနီးပါး ဖြစ်သွားပြီး သူရဲကောင်း အမျိုးသမီးတစ်ယောက်နဲ့ ခက်ခက်ခဲခဲ ‌ပရောပရီ လုပ်ခဲ့တယ်။

အဲလို အနာဂတ်ပြဿနာတွေကို တားဆီးဖို့အတွက် တစ်စုံတစ်ယောက်က ရှဲ့ရှီးခန္ဓာကိုယ်ကို ကုသဖို့နဲ့ ယန်ချို့တဲ့မှုကို ပြုပြင်ဖို့ နေ့တိုင်း သူ့ရဲ့ ချီစွမ်းအင်ကို လွှဲပြောင်းပေးရမယ်။ ဒီယွမ်ချန်းတောင်ပေါ်မှာ ဆရာသခင် လုချင်းအန်မှတစ်ပါး ချူယွီသာ အဲ့လိုလုပ်နိုင်တယ်။

Comment မျက်နှာပြင်ကို ပိတ်ရင်း သူ့လက်ချောင်းတွေကနေ ဝိညာဉ်စွမ်းအင်တွေ စီးဆင်းစေရင်း ဝမ်းနည်းမှုတွေနဲ့ ချူယွီသက်ပြင်းချလိုက်တယ်။ ‌နူးညံ့ပြီး ရေလိုမျိုး အပြာရောင် အလင်းတန်းတွေနဲ့ တူတဲ့ချီစွမ်းအင်တွေကို ရှဲ့ရှီးရဲ့ ခန္ဓာကိုယ်သေးသေးလေးထဲသို့ သူ ညင်သာစွာ ကူးပြောင်းပေးလိုက်တယ်။

အဲတာက အရမ်းသက်တောင့်သက်သာရှိပုံ ပေါ်တယ်။ အိပ်ပျော်နေတဲ့ ကလေးရဲ့ တွန့်ချိုးနေတဲ့ မျက်ခုံးလေးတွေ ပြေကျသွားပြီး သူ့ရဲ့နူးညံ့တဲ့ မျက်နှာလေးကို ပိုပြီး ဆွဲဆောင်မှုရှိအောင်ပြုလုပ်ပေးနေသလိုပဲ။ ချူယွီလည်း သူ့လက်တွေကို တားမရဘဲ ကလေးလေးရဲ့ နူးညံ့တဲ့ မျက်နှာလေးကို ညင်သာစွာ ဆွဲညှစ်လိုက်တယ်။

ဇာတ်လိုက်က ငါ့ကို နေ့တိုင်း သိမ်းပိုက်ချင်နေတယ်{ဘာသာပြန်} [Completed]Where stories live. Discover now