
Start from the beginning
                                    

" ဘာကြည့်နေတာလဲ ပြင်ဆင်တော့လေ "

"အင်းပါ"

ရေချိုးခန်းထဲဝင်ပြီး သန့်ရှင်းရေစလုပ်လိုက်သည်။ သူ့မှာယူစရာတွေတော့ သိပ်မများဘူး။ luggage ထဲအကုန်ကောက်ထည့်လိုက်တယ်။ အိမ်ကိုတော့ပြန်မအပ်သေးဘူး။ သူကတစ်လစာကြိုပေးထားရတာ။ ရက်နည်းနည်းလောက်ပဲနေရသေးတယ်လေ။ တော်ကြာဟောက်ရန် စိတ်ရောဂါထဖောက်ရင် သွားစရာလေးတွေရှိနေမှလေ။ အခန်းထဲကယူစရာတွေ ပြင်နေရင်းနဲ့ စင်နားကအယ်လ်ဘန်စာအုပ် နေရာရွဲ့နေတာကို တွေ့လိုက်ရတယ်။

" သွားပြီ "

💜💜💜💜💜💜💜💜💜💜

လျှိဟော့ဆိုတဲ့ နာမည်ကိုမသိကြဘူးလားဟင်😞ဆောင်း တစ်နေရာမှာသုံးဖူးတယ်လေ။

12.Mar.21
Saung's

====================================================

ငါ့ဦးနှောက်ကိုရွှေချထားသင့်ပြီ...ဂွတ်ပဲ

Chapter - 27
|| Unicode ||

အရင်လင်းယဲ့ ရဲ့မျက်နှာက သွေးရောင်နီနီသန်းနေတဲ့ မျက်နှာလေးနဲ့ မျက်ဝန်းတောက်တောက်လေးတွေနဲ့ ဒါမဲ့အခုလင်းယဲ့လေးကတော့ အမြဲဖြူ ဖျော့နေပြီး မျက်ဝန်လေးတွေကလည်း ညိုးငယ်နေတတ်တယ်။

ဘာလိုမမြင်တတ်ခဲ့တာလဲ။ တစ်ချိန်လုံး၊သုံးနှစ်လုံးလုံး သူ့နောက်လှည့်ကြည့်လာမဲ့ အချိန်လေးကိုစောင့်နေတဲ့ ကောင်လေးတစ်ယောက်ကို လျစ်လျူ ရှပြီး နာကျင်စရာတွေသာပေးခဲ့တယ်။

အရင်ကအရမ်းကို ကလေးဆန်ခဲ့မှန်းသူ့ကိုယ်သူ နားလည်သည်။ ဘာကြောင့်အခုမှနားလည်ရတာလဲ။ ဘာကြောင့်များ ဘာအကြောင်းပြချက်ကြောင့်များလဲ...အယ်လ်ဘန် စာရွက်လေးကိုနောက်ထပ်လှန်လိုက်တော့ သူ့ပုံတွေနဲ့ တစ်ချို့ကဘယ်အချိန်ကရိုက်ထားမှန်းတောင်မသိဘူး။ သူသိတာကအရင်နှစ်တွေက သူ့ပုံတွေဆိုတာဘဲ့။ သူယုဟိုင်နဲ့ရိုက်ထားတဲ့ပုံတွေလဲရှိတယ်။ ဒါမဲ့သူတစ်ယောက်ထဲကိုသာ ညုပ်ပြီးပုံထုတ်ထားတယ်။ အဲ့ဒီညုပ်ထုတ်ထားတဲ့ပုံက
လွန်ခဲ့တဲ့နှစ်နှစ်က ယုဟိုင်နဲ့အတူ လက်ပတ်လေးဝတ်ပြီး လ်ိုင်းပေါ်တင်ထားတဲ့ပုံဖြစ်တယ်။

မာနကြီးတဲ့ကျွန်တော့်ယောကျာ်းရဲ့ ကိုယ်ဝန်ရှိနေတယ်တဲ့(Complate)Where stories live. Discover now