Chapter(261) - တစ်ခြား 'အမေ'

Start from the beginning
                                    

လင်ရွှမ်းဇီမှာအတော်လေးကြာအောင်ဆိုင်းငံ့နေမိ၏။ဆုမိုမေးတဲ့နောက်ခံဆိုတာကသူ့အဖေရဲ့လင်မိသားစုဘက်ကိုရည်ရွှန်းတာမဟုတ်ကြောင်းတော့သဘာဝကျကျပင်နားလည်လိုက်တာကြောင့်ပြန်ဖြေလိုက်သည်။

"ကျွန်တော့အဖေဘယ်သူလဲဆိုတာကိုပဲသိပါတယ်ဒါပေမဲ့ကျွန်တော့အမေဘယ်သူလဲဆိုတာကိုတော့မသိဘူး...ကျွန်တော့အဖေကကျွန်တော့်အမေဘယ်သူလဲဆိုတာကိုတစ်ခါမှထုတ်မပြောဖူးဘူး"

"အမ်း"

ဆုမိုရဲ့အတွေးရထားကြီးကရွေ့လျားနေပုံရသည်။

"မင်းအဖေ....တကယ်တော့,မင်းအဖေကမင်းအမေလို့သတ်မှတ်လို့ရတယ်...အရင်တုန်းကငါတို့ကိုယ်ဝန်ဆောင်ဆေးကိုအတူတူသောက်ခဲ့တာ;ငါရခဲ့တဲ့အလုံးတောင်တကယ်တော့သူပေးခဲ့တာ — ဟူး,အခုငါပြန်တွေးကြည့်မိတော့အဲ့ဒီကိုယ်ဝန်ဆောင်ဆေးလုံးဆိုတာအလွယ်တကူရနိုင်တဲ့အရာမဟုတ်ဘူး,နယ်မြေကြီးကိုးခုမှာတောင်အဲ့ဒါကအရမ်းကိုရှားတာ"

လင်ရွှမ်းဇီမှာထိုသတင်းအချက်အလက်များကိုအတော်လေးကြာသည်အထိအစာကြေအောင်လုပ်လိုက်ရသည်။လင်ကျန်ကသူ့အမေဆိုတာကိုသူသိပ်ပြီးမအံသြပေ။အဲ့ဒီအစားလင်ကျန်လိုအကျင့်မျိုးနဲ့လူကတောင်တစ်စုံတစ်ယောက်အတွက်ကိုယ့်ကိုကိုယ်နှိမ့်ချပေးတဲ့အထိဆန္ဒရှိတာကိုသာအံ့အားသင့်မိခြင်းဖြစ်သည်။

ရုတ်တရက်သူဘယ်တုန်းကမှမမြင်ခဲ့ဘူးသည့်'အဖေ'ဆိုတဲ့လူနဲ့ပတ်သတ်ပြီးတောင်အနည်းငယ်သိချင်သွားရသည်။

တကယ်ပဲဘယ်လိုလူမျိုးမို့လို့လင်ကျန်ရဲ့မျက်လုံးထဲထိဝင်နိုင်ပြီးအဲ့ဒီလူရဲ့ကလေးကိုပျော်ပျော်ရွှင်ရွှင်မွေးပေးသည်အထိလုပ်နိုင်သွားရတာလဲ?

လင်ရွှမ်းဇီသည်မကြာခင်သူ့အတွေးထဲကထွက်လာပြီးဆုမိုကိုကြည့်လိုက်သည်။

"ဦးလေးဆု,စတုတ္ထအကြီးအကဲပြောတာကျွန်တော်ကြားသလောက်တော့ဦးလေးကကျွန်တော်မွေးတုန်းကမျက်မြင်တွေ့ခဲ့တဲ့သူဆို...အဲ့ဒါဆိုဦးလေးကကျွန်တော့ရဲ့တစ်ခြားမွေးအဖေထက်စာရင်ကျွန်တော့ပါးပါးကိုပိုပြီးသိမယ်ထင်တယ်ဟုတ်တယ်မှတ်လား?"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now