🚉Chapter (6)🚉

2.6K 267 65
                                    

*Zawgyi*

ဘွန္တောကြေးစည်တီးချိန် လင်းရောင်ပျို့အချိန်ဝယ် အစီအရီသွယ်တန်းပေါက်နေကြသော ချဉ်ပေါင်တန်းလေးများကို မျက်နှာမူကာ နေ့တစ်နေ့၏ဦးဆုံးတစ်ကိုယ်ရည်တစ်ကာယဖြစ်သည့် သွားတိုက်၊မျက်နှာသစ်ခြင်းလုပ်ငန်းကို လုပ်ဆောင်နေကြသော ကောင်လေးနှစ်ယောက်။

"အစ်ကို..သွားတိုက်တံရော.."

သူ့ဘယ်လက်ဖဝါးကြမ်းကြမ်းပေါ်မှာ မီးသွေးမှုန့်အနည်းငယ်ကိုယူကာ ဖြူဖြူဖွေးဖွေးသွားကလေးများကို သူ့ညာဘက်လက်နှင့် အပီအပြင် ပွတ်တိုက်နေသော အစ်ကိုတည်ကြည်ခန့်ညားအား ရောင်ဝါမေးလိုက်သည်။ အစ်ကိုက သူ့အမေးကိုဖြေရန် ပါးစပ်ထဲက မီးသွေးမှုန့်တစ်ချို့ကို ထွီခနဲ ထွေးထုတ်လိုက်သည်။

"ဒီမှာ သွားတိုက်တံတော့မရှိဘူး..ရောင်ဝါ။ဒီလိုပဲ လက်နဲ့တိုက်ကြရတာ.."

ရောင်ဝါ စိတ်အလွန်ညစ်ညူးသွားသည်။တောရွာဘက်ဆိုပေမယ့် သွားတိုက်တံတစ်ချောင်းတောင်မရှိသည်အထိ တောကျရသလား။

"ဒါဆို လက်ဖဝါးထဲသွားတိုက်ဆေးထည့်ပြီးပဲ တိုက်လိုက်ပါ့မယ်။ သွားတိုက်ဆေးရော.."

ထွီ..။တည်ကြည်၏ မီးသွေးမှုန့်များကို ထွီခနဲထပ်ထွေးထုတ်လိုက်သံ။

"သွားတိုက်တံမရှိမှတော့ သွားတိုက်ဆေးလည်းဘယ်ရှိပါ့မလဲ..ညီလေး ရောင်ဝါရဲ့။ဒီမှာက အစ်ကို့လိုပဲ လက်ဖဝါးထဲ မီးသွေးမှုန့်ထည့်၊ ဆားထည့်နဲ့ပဲ သွားတိုက်ကြရတာ။မင်း မီးသွေးမှုန့်နဲ့မတိုက်ချင်ရင် ဟိုကဆားဘူးထဲမှာ ဆားနည်းနည်းသွားယူပြီးတိုက်။အဓိကက သွားတွေပြောင်လက်သန့်ရှင်းနေဖို့ပဲလေ..မဟုတ်ဘူးလား"

အစ်ကိုတည်ကြည့်ကိုကြည့်ရတာ ဒီကိစ္စများက နေ့တိုင်းလုပ်ဆောင်နေတာကြောင့် မဆန်းကြယ်တော့သလိုပင်။လက်နှင့်သွားတိုက်နေရတာတောင် နေသားကျနေသည့်ပုံ။ရောင်ဝါလည်း ဘာမှဆက်မပြောတော့ဘဲ ဆားဘူးကိုသာယူပြီး ဆားနှင့်သာ သွားတိုက်နေလိုက်တော့သည်။

ငှက်ကလေးများက ကျည်ကျည်ကျာကျာအော်မြည်နေခြင်းနှင့် တပြိုင်နက် အရှေ့ဘက်မှနေလုံးကြီးဟာလည်း တဖြည်းဖြည်းထွက်ပေါ်စပြုလာလေပြီ။ ဟိုင်းဝေးလမ်းမပေါ်က ကုန်တင်ကားများ တဝီဝီသွားလာနေသံ၊ ကြက်ဖတွန်မြည်သံ၊အနီးအနားရှိ ဇလပ်ကျေးရွာမှ ဖန်ဆွတ်ရေသင်္ကန်းရောင်နှင့်ဘုန်းကြီးများ အရုဏ်ဆွမ်း ဆွမ်းခံထွက်သည့်ကြေးစည်သံများကို သဘာဝကျကျ အတိုင်းသားကြားနေရ သည်။

ဝဒေနာရထား{Completed}Where stories live. Discover now