🚉Chapter (34)🚉

1.4K 139 89
                                    

*Zawgyi*

ညကား မိုးရေစက်လေးများ၏အငွေ့အသက်ကြောင့် စိုစွတ်မှု၊အေးချမ်းမှုများ အပြည့်နှင့်ငြိမ်းချမ်းလို့။မိုးကြီးပုံကတော့ အခုထိကိုမရပ်တန့်သေးဘဲ မိုးကတစွေစွေနှင့်ရွာသွန်းနေဆဲ။

ရောင်ဝါ မိုးရေရွှဲနေသည့်တစ်ကိုယ်လုံးတုန်ရီနေသောအစ်ကို့ခါးလေးကိုဖက်ရင်းနဲ့ အိမ်ထဲသို့ ဒယီးဒယိုင်ဝင်လာခဲ့ရသည်။အိမ်သားတွေနိုးသွားကြမည်စိုး၍ အိမ်တံခါးကိုအသံမမြည်အောင်သေချာပိတ်၊ခြေသံလေးကို နှစ်ဦးသားဖွဖွနင်းလျက်နှင့် အပေါ်ထပ်အိပ်ခန်းဆီသို့တက်လှမ်းလာမိသည်။ ရောင်ဝါတွေးမိသည်က အိမ်ဖော်မလေးတွေလည်းမရှိသောကြောင့် ဟင်္သာရော၊မေမေရော ညစာငတ်ပြီထင်ပါရဲ့။အတွေးစများကိုဖြတ်တောက်ကာ အခုအချိန်တွင် အရေးပေါ်အခြေအနေဖြစ်နေသည့်ယောက်ျားဖြစ်သူကို အိပ်ခန်းထိရောက်အောင်ခေါ်လာခဲ့ပြီး ထိုင်ခုံမှာနေရာတကျနေရာချပေးရသည်။

"ဒီမှာ ခဏထိုင်နေအုံး..အစ်ကို။မိုးရေတွေရွှဲနေတယ်..အင်္ကျီလဲမှဖြစ်မယ်။ အစ်ကိုရေချိုးအုံးမလား။အော်..နေအုံး။အအေးသက်သာသွားအောင် ကော်ဖီပူပူလေးတစ်ခွက်ဖျော်ခဲ့မယ်..သောက်မယ်မလား"

တစ်ယောက်တည်းမေးလိုက်ဖြေလိုက်နှင့်ပျာယာခတ်နေသောချစ်ရသူကို ကြည့်ပြီး တည်ကြည်ခန့်ညားပြုံးမိသွားပါသည်။ရောင်ဝါ့ခမျာ သူ့ကိုယ်ပေါ်ကရေစိုဝတ်ကိုတောင်မလဲနိုင်သေးဘဲ တည်ကြည့်ကို သေချာဂရုစိုက်ပေးနေရှာတာ။

"ညဥ့်နက်နေပြီ။ငါရေမချိုးတော့ဘူး"

"ဒါဆို ကော်ဖီတော့သောက်မယ်မလား။ခဏထိုင်စောင့်နေ..သွားဖျော်လာခဲ့မယ်"

ရေးကြီးသုတ်ပျာပုံစံကိုဖမ်းကာ ရေစိုဝတ်တကားကားနဲ့ အိမ်အောက်ထပ်သို့ ဆင်းသွားပြန်သောရောင်ဝါထွန်းလင်း။တည်ကြည်လည်း သူ့ကိုယ်ပေါ်က ရေစိုနေသောအဝတ်အစားများကိုတစ်ဆင့်ချင်းချွတ်ချကာ အိမ်နေရင်း ခပ်ထူထူနိုင်လွန်အင်္ကျီတစ်ထည်နှင့်ပုဆိုးတစ်ထည်ကိုလဲဝတ်လိုက်ပါတော့သည်။တည်ကြည်အဝတ်အစားလဲပြီးသည်နှင့် ကော်ဖီခွက်ပူပူလေးတစ်ခွက်ကို သယ်ဆောင်ကာအပေါ်ထပ်သို့ ပြန်တက်လာသောရောင်ဝါထွန်းလင်း။

ဝဒေနာရထား{Completed}Onde histórias criam vida. Descubra agora