'မင်ယွန်းဂီ မင်းကစီးပွားရေးအမြင်ရှိတယ် ဉာဏ်ထက်တယ် စိတ်၀င်စားစရာကောင်းတယ် လျှို့ဝှက်ချက်များတယ်.. အကယ်၍မင်းနဲ့မိတ်ဖက်ကောင်းတွေမဖြစ်နိုင်ခဲ့ရင်တောင် ပြိုင်ဘက်ကောင်းတွေတော့ဖြစ်နိုင်မှာအသေအချာပဲ..'

"ကောင်းပီလေ.. ငါCEO Minနဲ့အပေးအယူလုပ်ပီး VVIP Cardရအောင်လုပ်လိုက်မယ်"
"ဒါပေမဲ့ Bossသူက အပျော်အပါးလည်းမမက်ဘူး.. လောဘလည်းအဲဒီလောက်မရှိဘူး.. ဆွေးမျိုးသားချင်းတွေနဲ့လည်းချိန်းခြောက်လို့မရဘူး ဘာလိုအရာမျိုးနဲ့သူ့ကိုအပေးအယူလုပ်မှာလဲ.."

ဂျန်းကုတချက်လောက်ပြုံးလိုက်တယ်..

"RJ companyရဲ့ ရှယ်ယာတွေနဲ့ဆိုရင်တော့ရလောက်ပါတယ်..."
"ဒါပေမဲ့ အဲတာတွေကိုBossအနှစ်နှစ်အလလကခက်ခက်ခဲခဲစုဆောင်းခဲ့ရတာလေ..."
"မင်းပြောတယ်မလား ကမ်ဆော့ဂျင်ကသူ့ရဲ့တဦးတည်းသောသူငယ်ချင်းဆို.. သူ သူ့သူငယ်ချင်းကိုလွတ်မြောက်အောင်ဘာမဆိုကြိုးစားလိမ့်မယ်.. ဘာလို့လဲဆိုရင် တယောက်တည်းအထီးကျန်တတ်တဲ့သူတွေက တဦးတည်းရှိတဲ့သူငယ်ချင်းကိုတခြားသူတွေထက်ပိုတန်ဖိုးထားတတ်ကြတယ်... သူ့သူငယ်ချင်းလွတ်မြောက်ဖို့ ဒီရှယ်ယာတွေကအရေးပါဆုံးပဲလေ.."
"Bossသေချာရဲ့လား?"

'သေချာတာပေါ့.. ဘာလို့လဲဆိုရင်ငါလည်းတချိန်ကသူ့လိုခံစားခဲ့ရဖူးလို့လေ..'
.
.
.
.
.
.
ထယ်ယောင်း မနက်နိုးနိုးခြင်းအိပ်ယာဘေးဘက်ကိုစမ်းလိုက်တော့လွတ်နေတဲ့နေရာလေး...ထယ်ယောင်းအမြန်ထထိုင်လိုက်မိတယ်...

"ဟိုဆော့ ဘယ်ရောက်သွားတာလဲ"

ထယ်ယောင်း မီးဖိုချောင်ထဲကို၀င်လိုက်တော့ တွေပါပီ ဟင်းချက်နေတဲ့သူ့ရဲ့အိမ်ရှင်ထီးလေး...ထယ်ယောင်းဟိုဆော့ရဲ့အနောက်ကနေခါးကိုသိမ်းပီးဖက်လိုက်တယ်..

"အမေ့!!"
"ကိုယ့်ရဲ့ဟိုဆော့ကီးလေးလန့်သွားတာလား.."
"မင်းကအသံမှမပေးပဲ"

ထယ်ယောင်း ဟိုဆော့ရဲ့ပုခုံးလေးပေါ်ကိုမေးတင်ပီးခနလောက်မှိန်းနေလိုက်တယ်.. ပီးတော့ဟိုဆော့ရဲ့လည်တိုင်လေးကို နှာခေါင်းလေးနဲ့ဖွဖွလေးနမ်းလိုက်တယ်..

Only you (Complete)Where stories live. Discover now