Chapter(259) - ဟန်မိသားစုရဲ့ခက်ခဲသောအခြေအနေ

Start from the beginning
                                    

"ခင်ဗျားတို့ယွမ်မိသားစုကဟန်မိသားစုသခင်လေးကိုအလကားလေ့ကျင့်သင်ကြားပေးမှာလား?" အဲ့ဒါကတစ်ခုခုမှားယွင်းနေတယ်လို့သွမ့်ယွီယန်ခံစားနေရသည်။သူကယွမ်ထျန်းဝမ်အားမယုံသင်္ကာဖြင့်ကြည့်လိုက်၏။

"သူ့ကျင့်ကြံဖို့ကိုခင်ဗျားဘယ်လိုကူညီပေးမှာလဲ?"

ယွမ်ထျန်းဝမ်ကပြုံးလေသည်။

"ပုံမှန်ပါပဲကိုယ်သူ့ကိုနက်ရှိုင်းကောင်းကင်ဂိုဏ်းခေါ်လာပြီးဓားသုံးတဲ့နည်းစနစ်ကိုကိုယ်ကိုတိုင်လေ့ကျင့်သင်ပေးရမှာ,အဲ့ဒါကိုယ့်အဖေရဲ့အမိန့်လေ"

အကြောင်းပြချက်ကိုနားလည်အောင်ခဏလောက်ကြိုးစားပြီးနောက်သွမ့်ယွီယန်ကအံ့အားသင့်လာပြီးစူးစိုက်ကြည့်လိုက်သည်။သူကသူ့ထိုင်ခုံမှခုန်ထလုနီးပါးပင်ဖြစ်သွားကာယွမ်ထျန်းဝမ်ကိုလက်ညှိုးထိုး၍ပြောလေသည်။

"ကျွန်တော်သိပြီ!ခင်ဗျားတို့ယွမ်မိသားစုကအရှက်မဲ့လွန်းတာမဟုတ်ဘူးလား?အဲ့ဒါဘယ်လိုလုပ်ဟန်မိသားစုအတွက်ဆက်ခံသူပျိုးထောင်တာဖြစ်မှာလဲ?အဲ့ဒါကရှင်းရှင်းလင်းလင်းကြီးကိုဟန်မိသားစုထဲမှာခင်ဗျားတို့ရဲ့ကိုယ်ပိုင်ဆက်ခံသူကိုလေ့ကျင့်ပေးတာပဲဟာကိုဟုတ်တယ်မှတ်လား?"

အခုသူ့အနေနဲ့နောက်ဆယ်နှစ်သို့မဟုတ်နှစ်နှစ်ဆယ်ကြာပြီးနောက်မှာဟန်ကျင်းကဟန်မိသားစုရဲ့သခင်လေးတစ်ယောက်ဖြစ်လာပြီးမိသားစုအင်အားကိုထိန်းချုပ်လာမှာကိုစိတ်ကူးကြည့်နိုင်သည်။အဲ့ဒီအချက်အရဆိုရင်တကယ်ကယွမ်ထျန်းဝမ်ရဲ့စကားနားထောင်ဖို့မလိုအပ်တာမဟုတ်ဘူးလား?

ဒါပေမဲ့ဟန်မိသားစုတစ်ခုလုံးကတော့နာမည်ကဟန်သာဖြစ်နေပေမယ့်တကယ်တမ်းတော့တိတ်တဆိတ်ယွမ်ဖြစ်သွားတာပဲ!

လင်ရွှမ်းဇီကသူ့မျက်လုံးများကိုမြှင့်လိုက်ပြီးခဏလောက်စဉ်းစားလိုက်သည်။

"ဟန်မိသားစုကဟန်ယူရန်တစ်ယောက်ကိုဆုံးရှုံးလိုက်တာနဲ့ဒီလိုအခက်အခဲမျိုးနဲ့ကြုံတွေ့ရတယ်ဆိုတော့အဓိပ္ပါယ်ကဟန်မိသားစုထဲကလူငယ်မျိုးဆက်သစ်တွေအရည်အချင်းမရှိတဲ့ပြဿနာကအတော်လေး,လေးနက်တယ်ဆိုတဲ့သဘောပဲ"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now