အပိုင်း - ၃ [ U ]

Start from the beginning
                                    

ငါ့ညီမလေးက ဘာမှမပြောဘဲ၊
မျက်ရည်ကျလာခဲ့တယ်။

သူမရဲ့ပြဿနာကို ငါ သိပါတယ်။ သူမ
ဗိုက်ဆာလို့ မုန့်တောင်းတာ ဖြစ်လိမ့်မယ်။
ငါ့ညီမလေးက ပိန်ပိန်ညှောင်ညှောင်ဆိုပေမယ့်
အသေစားနိုင်တာ။ ငါ သူမကို မုန့်ဖိုးပေးလည်း၊
သူမက မသုံးချင်ဘူးလေ။ ငါ မေးကြည့်တော့
သူမပြောတာက...ငါ့ကို ညဘက်အလုပ်မလုပ်
စေချင်ဘူးတဲ့၊ မတော်တဆ တစ်ခုခုဖြစ်မှာကို
စိုးရိမ်တာမို့ သူမပဲ အစားလျှော့စားလိုက်မယ်
တဲ့လေ။ တကယ်တော့ သူမ အစားမလျှော့နိုင်
တဲ့အတွက် သူများဆီကနေ တောင်းမိတာ
ဖြစ်နိုင်တယ်။

ညီလေးက ငါ့ကို တိုးတိုးတိတ်တိတ်ပြောလို့
သိရတာ။ သူမက ဗိုက်ဆာနေဆဲဖြစ်ကာ၊
အတန်းဖော်တွေဆီကနေ မကုန်တဲ့မုန့်ကို
လိုက်တောင်းတယ်တဲ့။ အခုခေတ်မှာ လူတိုင်းက အတော်လေး ချောင်လည်တာမို့၊ ကလေးတွေက အစာကို ဖြုန်းတီးတတ်ကြတယ်။ ဒါကြောင့်
သူမက မုန့်အကျန်တွေကို တောင်းတာဖြစ်လိမ့်
မယ်။ ငါ့ညီလေးက ဆူပေမယ့်၊ ညီမလေးက
ညီလေးကို ပြန်အော်တာကြောင့်၊ ညီလေးက
သူမနဲ့အတူ လိုက်ပြီးတောင်းရတော့တယ်။
ဒါပေမယ့် ငါ့ညီလေးက မာနပိုကြီးပြီး
ဂုဏ်သတင်းကို ဂရုစိုက်တာမို့၊ အကျန်တွေကို
နှစ်ကြိမ်လောက်စားပြီးနောက်မှာ၊ နောက်ထပ်
မတောင်းနိုင်တော့ဘူးလို့ ပြောခဲ့တယ်။

ငါ ယဥ်ယဥ်ကျေးကျေး ပြောလိုက်တယ်။
"ညီမလေးက ပစ္စည်းတွေကို တောင်းတာ
မဟုတ်ပါဘူး၊ တခြားကလေးတွေ စားလို့မကုန်ဘဲ
ကျန်ခဲ့တာတွေကို တောင်းတာပါ၊ နောက်ပြီး
သူမက အရင်​မေးမြန်းပြီးမှ စားတာ"

တစ်ဖက်လူက ဒီကိစ္စကိုပဲ နောက်ထပ်
​အစ,ဖော်နေပြန်ပြီ။

ငါ ဆရာ့ကို ​​ပြောလိုက်တယ်။
"ကလေးတွေကို ခေါ်သွားပေးလို့ရမလား"

ငါ့ညီလေးနဲ့ ညီမလေးက အဆင့်တွေကောင်းပြီး၊
ကြည့်ကောင်းကာ တလေးတစားပြုမူတတ်
တာမို့၊ ဆရာတွေက သူတို့ကို သဘောကျတယ်။
ဆရာတွေလည်းပဲ အခုအခြေအနေကို မကျေနပ်
ဘူး။ ဒါပေမယ့် သူတို့က တစ်ဖက်မိဘကို
အပြစ်တင်လို့မရသလို၊ နှစ်သိမ့်ဖို့ကြိုးစားတာ
လည်း မအောင်မြင်ပေ။ ဒါကြောင့် ဆရာတွေက
ကလေးများကို အပြင်ခေါ်ထုတ်ကာ၊ အုပ်ထိန်းသူ
အချင်းချင်း စကားပြောခိုင်းတော့တယ်။

လွတ်လပ်တဲ့ ရန်ယိကု || ဘာသာပြန် [COMPLETED]Where stories live. Discover now