ကျန်းရှောင်ဖုန်းနှင့် ပိုင်လီရှောင်ယွီတို့ ၎င်းတို့နှစ်ယောက်အား ကြည့်ကာ ကြိတ်ရယ်နေကြသည်၊ ထုံယွယ်ရွှီနှင့် ထျန်းဇီရှင်းတို့သည် စင်မြင့်အရှေ့ပိုင်းများ၌ နေရာယူထားကြသဖြင့် မကြာမီ ၎င်းတို့အလှည့်သို့ ကျရောက်လာသည် ။

ထုံယွယ်ရွှီနှင့် အခြားပြိုင်ပွဲဝင်ကိုးယောက်တို့ အကြီးအကဲများဆီ ရောက်သွားသောအခါ ပွဲကြည့်ပရိတ်သတ်များ အားလုံးလိုလို၏ အကြည့်များသည် ထုံယွယ်ရွှီထံတွင်သာ စွဲကပ်သွားကြသည်၊ တစ်နှစ်အတွင်း အဆင့်လေးမှ အဆင့်ခြောက်မှော်ဆရာအဖြစ်သို့ ခုန်တက်သွားနိုင်သော အရည်အချင်းသည် ယူရှောင်မို့နီးနီးပင် အံ့သြလောက်စရာကောင်းပေသည်၊  အတင်းအဓမ္မ အဆင့်တက်အောင် လုပ်ယူထားခြင်းမှာ လက်ခံနိုင်စရာမကောင်းသော်လည်း သူဖော်စပ်ထားသော ဆေးလုံး၏ ရလဒ်ကိုတော့ အားလုံးက သိချင်နေကြသေးသည် ။

" ကျောင်းသားတို့ ဆေးလုံးတွေကို စစ်ဆေးရေးကိရိယာထဲ ထည့်လိုက်ကြပါ "

အကြီးအကဲမှ ၎င်းတို့အား လမ်းညွှန်ပေးသည် ။

ညွှန်ကြားချက်အား ကြားကြားချင်း ပထမဆုံး ထည့်လိုက်သည်မှာ ထုံယွယ်ရွှီ ဖြစ်သည်၊ သူသည် ဆေးလုံးအား ကိရိယာထဲသို့ မထည့်ခင် သူ၏လက်နှစ်ဖက်အား ဆန့်တန်း၍ အရှေ့ရှိ အကြီးအကဲကား အရိုအသေပြုလိုက်သေးသည် ။

ထို့နောက် အလွန်အားကောင်းသော ခရမ်းရောင်အလင်းတန်းတစ်ခု ကိရိယာအတွင်းမှ ထွက်ပေါ်လာသည်၊ ငါးယောက်မြောက်အကြီးအကဲ သုန်းလင်သည် ထိုအလင်းတန်းအား ကြည့်ပြီး ပရိတ်သတ်အား ချက်ချင်း ကြေညာပေးလိုက်သည် ။

" အကောင်းစားအရည်အသွေးနဲ့ အဆင့်နိမ့် အဆင့်ခြောက်ဆေးလုံး ဖြစ်ပါတယ်.. ရမှတ်စုစုပေါင်း လေးမှတ်! "

အကြီးအကဲ၏ ကြေညာချက်ကြောင့် လူအများစု၏ မနာလိုဟန်အကြည့်များ ထုံယွယ်ရွှီထံသို့ ကျရောက်လာတော့သည်၊ ၎င်းဖော်စပ်သည့်ဆေးလုံးမှာ အဆင့်နိမ့်ဆေးလုံးဖြစ်သောကြောင့် တစ်မှတ်သာ ရသည်ဖြစ်သော်လည်း အရည်အသွေးမှာ အကောင်းစားဖြစ်သဖြင့် နောက်ထပ် သုံးမှတ်အပြည့် ရရှိလိုက်သည် ။

The Legendary Master's Wife (Myanmar Translation)Where stories live. Discover now