Chapter(253) - နေရာလေးခု

Start from the beginning
                                    

"ယန်ဆိုတာတစ်ခုတည်းသောမျိုးရိုးနာမည်မှမဟုတ်တာ" လင်ရွှမ်းဇီကမှတ်ချက်ချသည်။

[နောက်နေတာမဟုတ်ဘူး...နယ်မြေကြီးကိုးခုမှာယန်ဆိုတဲ့မျိုးရိုးနဲ့မိသားစုကတစ်ခုတည်းရှိတာ...ဒါပေမဲ့အဲ့ဒါကလည်းဘာမှမဟုတ်ပါဘူး;ယန်မိသားစုကထိပ်ဆုံးအဆင့်ကိုရောက်နိုင်တဲ့တစ်ခုတည်းသောတော်ဝင်မိသားစုမှမဟုတ်တာ]

ဝိဉာဉ်ပုတီးစေ့လေးကခေါင်းကိုစောင်းရင်းဆက်ပြောသည်။

[ငါအသက်ရှင်နေတုန်းကဆိုရင်ချင်းယွမ်မင်းဆက်ရဲ့ရာဇပလ္လင်မှာထိုင်နေတဲ့တော်ဝင်မိသားစုကရွှမ်မိသားစုပဲ...ဒါပေမဲ့ရွှမ်မိသားစုက'ရှေးဟောင်းကြီးမြတ်တဲ့အမတ-နတ်ဆိုးစစ်ပွဲ'မှာအတော်လေးကိုဆုံးရှုံးမှုခံစားခဲ့ကြရတယ်....အဲ့ဒီအချိန်တုန်းကရွှမ်မိသားစုရဲ့အင်အားအကြီးဆုံးမင်းသားကနတ်ဆိုးဧကရာဇ်ကိုချုပ်တဲ့အစီအရင်အခင်းအကျင်းကိုအသက်သွင်းနိုင်ဖို့သူ့ကိုယ်သူစတေးခံလိုက်တာကြောင့်သူ့ဝိဉာဉ်ကပျောက်ကွယ်သွားပြီးဘာမှကိုမကျန်ခဲ့ဘူး...အဲ့ဒါကြောင့်လည်းနောက်ပိုင်းမှာရွှမ်မိသားစုကသူတို့ရဲ့သရဖူကိုဆုံးရှုံးခဲ့ရတယ်...နောက်ပိုင်းမှာဖြစ်ပျက်ခဲ့သမျှတွေကတော့ငါလည်းမရှင်းဘူး]

လင်ရွှမ်းဇီကမသေမချာဟန်ဖြင့်မေးသည်။

"စေတန်နတ်ဆိုးရဲ့သားစဉ်မြေးဆက်ကရောခရမ်းဧကရာဇ်ကောင်းကင်ဘုံမြို့တော်ကိုအုပ်စိုးတဲ့ဧကရာဇ်ဖြစ်လာနိုင်လား?"

ဝိဉာဉ်ပုတီးစေ့လေးကအတော်လေးကြာအောင်တိတ်ဆိတ်နေပြီးမှပြန်ဖြေလာသည်။

[နယ်မြေကြီးကိုးခုရဲ့ကောင်းကင်ဘုံမိသားစုတွေနဲ့စေတန်နတ်ဆိုးမျိုးနွယ်စုကအမြဲတမ်းဘုံရန်သူတွေမို့လို့အဲ့ဒီလိုထုံးတမ်းစဉ်လာတော့တစ်ခါမှမရှိခဲ့ဘူး;အကယ်၍သူတို့နှစ်ဖက်ကအချင်းချင်းတွေ့လို့စပြီးမတိုက်ခိုက်ရင်တောင်ထူးဆန်းအံ့သြဖွယ်ရာဖြစ်နေပြီ....ဘယ်လိုလုပ်အဲ့ဒီလိုရန်သူတွေကအလွယ်တကူနဲ့အတူတူချိတ်ဆက်နိုင်ပြီးသားစဉ်မြေးဆက်မွေးနိုင်မှာလဲ?မင်းတိတိလေးရဲ့သွေးကြောကနှစ်သောင်းပေါင်းများစွာမှာပထမဆုံးတောင်ဖြစ်လိမ့်မယ်]

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now