စာစဉ် ၁၃ ( ၁ - ၁၆ )
Magsimula sa umpisa
သူမ ရေချိုးခန်းထဲမှာ သွားပြန်ထားပြီး ပြန်လာတော့လည်း ဂူယူရှန်းက ဆိုဖာပေါ်မှာ မျက်လုံးတို့ကို မှိတ်ထားပြီး ထိုင်နေဆဲ ၊
ဂူယူရှန်းက စိတ်အခြေအနေ မကောင်းပုံမို့ ချင်းကျီအိုက် စကားသွားပြောရင် သူ ဒေါသထွက်လိမ့်မည် ဆိုတာကို သိသည် ၊
ဒါကြောင့် အိပ်ယာပေါ် တက်လိုက်ရင်း သူ့ကို ရှောင်နေလိုက်ပေမဲ့ မျက်လုံးတို့က သူ့လက်ကိုပဲ ကြည့်နေမိတော့သည် ...။
နောက်တစ်ရက်ဆိုရင် ၁၂ ရက်နေ့ ရောက်ပြီ ။
ချင်းကျီအိုက်နဲ့ လျန်ဒေါ့ကူ နေရာလဲရတော့မဲ့ နေ့ ဖြစ်တာကြောင့် သူတို့‌ဝေးရတော့မည်မို့ ချင်းကျီအိုက် အားမွေးလိုက်ပြီး ဂူယူရှန်းဆီ လျှောက်သွားလိုက်တော့သည် ။
“လက်ကို ဆေးထည့်ပေးမယ်လေ”
ဂူယူရှန်း က အိပ်ပျော်နေသလို ဘာဆိုဘာမှ တုံ့ပြန်မလာ ။
သူခွင့်ပြုတာလား ခွင့်မပြုတာလား မသိပေမဲ့ ချင်းကျီအိုက် ဆေးသေတ္တာကို ယူလိုက်ပြီး ဂူယူရှန်းဘေးမှာ ထိုင်လိုက်သည်.
ဂူယူရှန်းလက်ကို သူမပေါင်ပေါ် တင်လိုက်တော့ ဂူယူရှန်းက လက်ကို အသာပြန်ရုတ်ပေမဲ့ လုံးဝဖယ်ပစ်တာမျိုးတော့ မဟုတ် ၊
ချင်းကျီအိုက် ဒဏ်ရာကို သန့်စင်ပေးလိုက်ပြီးနောက်
ဆေးထည့်ပေးလိုက်တော့ ဂူယူရှန်း က သူမကို
ခပ်အေးအေး ကြည့်လာတော့သည် ။
“တခြားလူအဖြစ်ဟန်ဆောင်ရတာမပင်ပန်းဘူးလား”
-----------------------------------------------------------------------
စာစဉ် ၁၃၊ အခန်း ၂။  မင်းငြင်းမယ်ဆိုရင် ငါယုံပေးပါ့မယ် (2)
တခြားလူအဖြစ် ဟန်ဆောင်ရတာ မပင်ပန်းဘူးလား .. ။
သူ ဘာကို ဆိုလိုချင်သည်လဲ  ။
ချင်းကျီအိုက် လက်ချောင်းတို့ တုန်နေမိပြီး ဂူယူရှန်း မျက်လုံးတို့ကို ကြည့်လိုက်မိသည် ...
သူမရဲ့ ရိုးသားတဲ့အကြည့်တွေကို ဂူယူရှန်းက ရီသည် .. အဲ့ဒီနောက် သူက ဘာမှမပြောတော့ပဲ ပြတင်းပေါက်ကို ခပ်တွေတွေငေးနေတော့သည် ။