စာစဉ် ၁၃ ( ၁ - ၁၆ )
4.5K 427 25
စာစဉ် ၁၃၊ အခန်း ၁။ မင်းငြင်းမယ်ဆိုရင် ငါယုံပေးပါ့မယ်(1)
ချင်းကျီအိုက် အောက်ထပ်ကို ဆင်းကာ အိမ်အကူအဒေါ်ကြီး အခန်းထဲဝင်ပြီး ဆေးသေတ္တာရှာကာ အပေါ်ထပ် တက်လာလိုက်သည် ။
ရေချိုးခန်းရှေ့မှာ နာရီဝက်လောက် စောင့်နေပြီးနောက် ရေချိုးခန်းတံခါး ပွင့်လာတော့သည် ။
သူမ ရွေးပေးထားတဲ့ အိမ်နေရင်း ၀တ်စုံကိုဝတ်ပြီး
ဂူယူရှန်းက ထွက်လာသည် ။
ဂူယူရှန်းက ဆံပင်တို့ကို မသုတ်တာမို့ ရေစက်တွေက သူ့မျက်နှာပေါ် တွဲခိုလို့ ..
ချင်းကျီအိုက် မျက်ခုံးတို့ တွန့်ကျိုးမိလိုက်တော့သည် ။
“ဘာလို့ ဆံပင်မသုတ်တာလဲ”
ချင်းကျီအိုက် ရေချိုးခန်းထဲက သဘက်တစ်ထည် သွားယူပြီးနောက် ဂူယူရှန်းဆီ ပြန်ရောက်လာတော့သည် ။
“ထိုင် ဆံပင်သုတ်ပေးမယ် မဟုတ်ရင် အအေးမိလိမ့်မယ်”
ဂူယူရှန်းက စကားမပြောသေးပဲ သူမကို ငေးကြည့်ပြီးနောက် ဆိုဖာဆီ လျှောက်သွားလိုက်ကာ ထိုင်သည် ။
ချင်းကျီအိုက် သူ့အနောက်မှာ ရပ်ရင်း ဆံပင်ကို သဘက်နဲ့ အသာသုတ်ပေးနေလိုက်ပြီး နည်းနည်းခြောက်တော့မှ ...
“dryer သွားယူလိုက်ဦးမယ်နော်”
ထွက်သွားတဲ့ သူမနောက်ကျောကို ငေးရင်း ဂူယူရှန်း စောင့်နေရင်း က သိပ်မကြာခင်မှာပဲ ချင်းကျီအိုက် ရေချိုးခန်းထဲကနေ ပြန်ထွက်လာတဲ့အသံ ကြားတော့ ဂူယူရှန်း နှုတ်ခမ်းတို့ကို ဖိကိုက်ကာ အကြည့်လွှဲထားလိုက်တော့သည် ။
ချင်းကျီအိုက် dryer ကို ပလပ်ထိုးလိုက်ပြီးနောက် သူ့ဆံပင်တွေကြား လက်ချောင်းတို့နဲ့ထိုးဖွကာ အရမ်းမပူအောင် သေချာ မှုတ်ပေးနေလိုက်သည် ။
သူတို့ စကားမပြောဖြစ်ကြတာကြောင့် အခန်းထဲ မှာ dryerသံကလွဲရင် ဘာသံမှမကြားရ ။
ပြန်ရောက်လာတည်းက စကားမပြောတဲ့ ဂူယူရှန်းက ဆံပင်ခြောက်ခါနီးတော့ သူမကို ခပ်မြန်မြန်စကားကို ဆိုလာတော့သည် ။
“ရပြီ”
ချင်းကျီအိုက်လည်း သူ့ရဲ့ပြတ်သားတဲ့အသံကြောင့် ကြောက်မိပြီး
dryer ကို ပိတ်လိုက်ပြီး ပလပ်ဖြုတ်လိုက်တော့သည် ။