စာစဉ် ၂၆ (၁၇-၃၀)
2K 204 2
စာစဉ် ၂၆၊ အခန်း ၁၇။ ကောင်းလိုက်တဲ့ဒရမ်မာပါလား (17)
"ပြတင်းပေါက်အပြင်က ဘောလုံးတွေ ကိစ္စကလည်း သခင်ကြီးဂူအတွက် ပျော်အောင်လုပ်ပေးထားတာမဟုတ်ပဲ တမင်စီစဉ်ထားခဲ့တာမလား"
ဂူယူရှန်း ဟိုတယ်ထဲကို လှမ်းကြည့်လိုက်တော့ ချင်းကျီအိုက်က သန့်စင်ခန်းထဲက ထွက်လာပြီး နားနေခန်းမှာထိုင်စောင့်နေပြီမို့
သောက်လက်စ ဆေးလိပ်ကို အမှိုက်ပုံးထဲ ပစ်ထည့်ကာ
ဟိုတယ် ထဲ ၀င်ဖို့ ပြင်လိုက်တော့သည် ။
သို့သော်ကျိုးကျင်းက ဂူယူရှန်းသွားမဲ့လမ်းရှေ့ပိတ်ရပ်လာကာ မပြီးဆုံးနိုင်သေးတဲ့မေးခွန်းတွေကို ထပ်မေးလာပြန်သည် ။
"ကောင်းပြီ မဖြေချင်လည်းနေ ဒါပေမဲ့ တစ်ခုပဲထပ်မေးမယ် ရှောင်ကူနဲ့ကျွန်မရဲ့အစီအစဉ်တွေကို ရှင်ဘယ်လိုသိခဲ့တာလဲ ဘယ်သူပြောပြတာလဲ"
ဂူယူရှန်း ပြန်ဖြေဖို့ စိတ်ကူးမရှိတာကြောင့် သူမ ကိုကျော်ကာ လျှောက်သွားခဲ့ပြီးမှ ခြေလှမ်းတို့ကိုရပ်လိုက်ကာ ...
"လွန်ခဲ့တဲ့ ၂နာရီက ဆေးမှုသံသယနဲ့ လီဘား က တာဝန်ရှိတဲ့လူတွေ ပါသွားတယ်တဲ့"
လီ ဘား ဆိုသည်က အစ်ကိုလီရဲ့ ဘားပင် ...။
ကျိုးကျင်း မျက်ခုံးတို့ ပင့်တက် သွားရပြီး ဂူယူရှန်းကို ကြည့်မိတော့ ချင်းကျီအိုက်ဆီလျှောက်သွားတော့လေပြီ ။
စီစဉ်ထားသမျှ မအောင်မြင်ရခြင်းအကြောင်းက ဒါကြောင့်ပင် ။
အစ်ကိုလီဘက်က တစ်ယောက်ယောက်က သူမတို့ရဲ့လှုပ်ရှားမှုတိုင်းကို ဂူယူရှန်းကို ပြောပြနေခဲ့ခြင်းကြောင့်ပင် ။
လျန်ဒေါ့ကူနဲ့ ကျိုးကျင်းကို လုပ်ခဲ့သမျှကို ဂူယူရှန်း ငြိမ်နေခဲ့ခြင်းက အခွင့်အရေးကောင်းတစ်ခုကို စောင့်နေခြင်းကြောင့် ။
ကျိုးကျင်းရဲ့အားအထားရဆုံး အစ်ကိုလီ သည်လည်း
ဂူယူရှန်း ထိန်းချုပ်မှုအောက်ရောက်သွားတော့ပြီမို့
သူမ မှာလည်း မျှော်လင့်ချက်မရှိတော့ ....
ကျိုးကျင်း စိတ်လွတ်ကိုယ်လွတ်အော်ရယ်နေခဲ့ပေမဲ့ မျက်ရည်တို့က ကျနေခဲ့တာကြောင့် ပါးစပ်ထဲ ငန်ကျိကျိအရသာကို ခံစားမိလိုက်တော့မှသာ အရယ်ရပ်သွားပြီး မျက်ရည်တို့ကို သုတ်ပစ်လိုက်တော့သည် ။