စာစဉ် ၂၅ (၁၅-၃၀)
2.3K 207 8
စာစဉ် ၂၅၊ အခန်း ၁၅။  ကားအက်ဆီးဒင့်နောက်ကွယ်က အမှန်တရား (5)
တွေ‌ဝေခြင်းအလျင်းမရှိနေတဲ့ ဂူယူရှန်းစကားကြောင့်
ချင်းကျီအိုက် ဂူယူရှန်းကို ခင်ပွန်းတစ်ယောက်လို ခံစားလိုက်မိတာမို့ နှလုံးခုန်သံတို့မြန်လာကာ ရင်ထဲတသိမ့်သိမ့်နွေးသည် ။
ဘာစကားမှမပြောလည်း အချင်းချင်းနားလည်ကြတဲ့ လူနှစ်ယောက်ဖြစ်ရတာ ပျော်စရာကောင်းလှပါ၏..သို့သော်လည်း ဂူယူရှန်းကို သူမ ပြောပြချင်ပါသည် ။
“အဲ့ဒီပုံတွေက ကျွန်မလျန်ဒေါ့ကူအဖြစ်နေခဲ့တုန်းက ပုံတွေပါ
ပုံတွေက အခုသာ အမြင်မသင့်တော်တဲ့အထိဖြစ်နေပေမဲ့ ရိုက်ကူးရေးလုပ်တုန်းက အဲ့လိုမဟုတ်ပါဘူး”
“အိုကေ”
အဲ့ဒီနောက် သူတို့ ဘာစကားမှမပြောဖြစ်ကြတော့ပဲ ခဏအကြာမှ
ဂူယူရှန်း လည်ချောင်းရှင်းကာ စကားပြန်စလာသည် ။
“ရှောင်အိုက် ကိုယ်တို့ရှန်ဟိုင်းကိုသွားရအောင်”
“အလုပ်ကိစ္စအတွက်သွားရမှာလား”
“မဟုတ်ဘူး အလုပ်ကိစ္စမဟုတ်ဘူး ကိုယ်တို့အဲ့ကိုပြောင်းနေကြမယ်”
ချင်းကျီအိုက် အံ့သြသွားမိပါ၏ ။
“ရှန်ဟိုင်းက ဟန်ကျိုး နဲ့လည်းနီးလို့ မင်းအမေဆီသွားလည်လို့လည်း လွယ်တယ်လေ”
ဂူယူရှန်း ရဲ့အကြောင်းပြချက်က အဲ့လိုဆိုပေမဲ့ ချင်းကျီအိုက် သူ့ရည်ရွယ်ချက်ကိုနားလည်သည် ။ သူ့အဖိုးက သူမကို သဘောမကျတာမို့ ရှန်ဟိုင်းကို ပြောင်းချင်နေခြင်းပင် ။
“ကိုယ်ရှန်ဟိုင်းမှာ တစ်နှစ်နေခဲ့တယ် ကိုယ့် အင်တာနက် ကုမ္ပဏီနဲ့ တခြားဌာနခွဲတွေလည်း ရှန်ဟိုင်းမှာရှိတယ်လေ နေဖို့ကတော့
ဟွမ်ပူ မြစ်နားက တိုက်ခန်းလေး ၀ယ်လိုက်မယ် ကိုယ်အဲ့အိမ်ကိုသွားကြည့်ပြီးပြီ အဆင်ပြေတယ် တော်တော်လေး”
“ယူရှန်း...”
ချင်းကျီအိုက် စကားဖြတ်ပြောလိုက်တော့
ဂူယူရှန်းသည်လည်း ပြောလက်စ စကားကိုဆက်မပြောတော့ပေ ။
“ကျွန်မ ပေကျင်းကိုသဘောကျတယ်..
ကျွန်မတို့တွေ့ခဲ့တာလည်း ပေကျင်းမှာပဲဖြစ်ပြီးတော့
အမှတ်တရတွေလည်း အများကြီးရှိနေလို့ ဒီကနေ ထွက်မသွားချင်ဘူး”