Hyung နဲ့ အတူပြန်နေရတာ အရင်အချိန်တွေကို ပြန်ရလိုက်သလိုပဲ နှစ်ယောက်လုံးပျော်ရွှင်ရပါတယ် ညဘက်တွေလည်း အထီးမကျန်တော့ဘဲ အတူဖြတ်သန်းလို့ ....
ကောင်လေး ဒီမှာအမြဲနေတာလား
Arnyi!! hyung ကို လွမ်းတဲ့အချိန်ဆို ရောက်လာတာ အမြဲနေလျင်ပေမယ့် omma ကအိမ်မှာပဲ နေခိုင်းတယ်လေ
Hyung လည်း ကောင်လေးကို လွမ်းတိုင်းပြေးတွေ့ချင်လိုက်တာ
ဒ့ါနဲ့ hyung...မင်္ဂလာပွဲကို ဘယ်လိုလုပ်မှာလဲ
အဲ့ဒါတွေမတွေးချင်ဘူး ကောင်လေးရယ် Papa က မဖြစ်ဖြစ်အောင်လုပ်မှာ hyung တားဖို့ကြိုးစားရမှာပေါ့.....
Hyung က ဘာလို့ လက်မထပ်ချင်တာလဲ hyung သဘောကျတဲ့သူရှိလို့လား
အင်းးး ရှိတာပေါ့
ဘယ်သူလဲ hyung...
ဘာလို့ပြောရမှာလဲ
Hyung ကလည်း ပြောပါ သိချင်လို့
ကောင်လေးမှာရောရှိလား yawja chingu တွေဘာတွေ
မပြောပါဘူးး hyung တောင်မပြောတဲ့ ဟာကို
နောက်ကျပြောပြပါ့မယ် ...
nadu နောက်မှပြောမယ်...
အဲ့နေ့က ကောင်းကင်မှာကြယ်တွေစုံ နေတယ် လမင်းကြီးလည်း သာနေတယ် နှစ်ယောက်သား အကြာကြီး မျက်လုံးချင်းဆုံခဲ့ကြတယ် တောက်ပတဲ့မျက်ဝန်းတွေနဲ့ပေါ့.....
မနက်ဖြန့် hyung နဲ့ အပြင်သွားရအောင်
Nae...hyung ဘယ်ကိုသွားမှာလဲ
အင်းးးကောင်လေး ဘယ်သွားချင်လဲ
Hyung သဘော...
Hun ရော Luhan ရော မနက်ဖြန်အတွက် ရင်ခုန်နေတယ် အပြင်ကိုလျှောက်လည်တာ ပထမဆုံးအကြိမ်မဟုတ်ပေမယ့် ထူးထူးခြားခြား ခံစားနေရတယ် အိပ်လို့မပျော်ခဲ့....
ညသန်းခေါင်လောက်ရောက်တော့ Luhan ဆီ ph ဝင်လာတယ် Sulli ဆီက Luhan အသစ်ဝယ်ထားတဲ့ ph ကို Sulli နဲ့ Hun ကလွဲလို့ ဘယ်သူမှမသိ
Luhan အပြင်ကိုထွက်သွားလိုက်တယ် Hun အိပ်ပျော်နေမှာ နိုးသွားမှာစိုးတာနဲ့ Hun အိပ်မပျော်သေးတော့ Luhan ထွက်သွားတာကို သိလိုက်တယ်
ဘယ်လို Mama ဆေးရုံတင်ထားရတယ်
ဟုတ်တယ် Luhan နေမကောင်းဖြစ် နေတာကြာပြီ ရုတ်တရက် မူးလဲသွားလို့ ဆေးရုံမှာဆေးစစ်တာတော့ နှလုံးအားနည်းနေတယ်ပြောတယ် ပြီးတော့ သူနေမကောင်းတုန်း နင့်ကိုတွေ့ချင်တယ်ပဲ ပြောနေတာ
Luhan ဘာလုပ်ရမှန်းမသိ Mama ကသူ့ကြောင့် ဒီလိုဖြစ်သွားတာ mama ကကြိတ်ပြီးခံစားတတ်တယ် သူ စိတ်ညစ်မှာစိုးလို့သာမပြောတာ Mama က သူထွက်လာတာကို တော်တော်စိတ်ဆင်းရဲနေမှာ Luhan သိပါတယ်
ဟင် ကောင်လေး အိပ်နေပြီမဟုတ်ဘူးလား...
Hyung ....
Hun မျက်လုံးတွေက စိတ်ပူနေဟန်
Waiting for your vitamin votes and feedbacks..saranghae..
gamsamitha..90° bows...
့
YOU ARE READING
^Second Face^ ( Completed )
Fanfiction*Hunhan *Yaoi *အချစ်ကြောင့် ဖြစ်ပေါ်လာတဲ့ အမုန်း *အမုန်းကြောင့် မှားမိပြီးမှ *နောက်ဆုံး အချစ်တွေ ပြန်လည်ရှင်သန်မှာလား ဆိုတာတော့
^Second Face^ Part-8
Start from the beginning
