^Second Face^ Part-8

Começar do início
                                        

ကောင်လေးး hyung ကို စိတ်ဆိုးနေတာလား

အဲ့လိုမကြည့်ပါနဲ့ hyung ကို အဲ့လိုမျိုး မစိမ်းကားပါနဲ့

miyanae...ကောင်လေး

miya...တောင်းပန်တယ်ဆိုတာထက် တစ်ခြားပြောစရာမရှိတော့ဘူးလား

ကောင်လေး hyung လေ

ဘာလို့မလာခဲ့တာလဲ စေ့စပ်ပွဲကြောင့်လား ပျော်နေမှာပေါ့ ပျော်ပါစေ ကျွန်တော်ဆုတောင်း ပေးပါတယ် သြော်...မြန်မြန်ထွက်သွားပါ

တော့ ဘယ်လိုအကြောင်းမျိုးနဲ့ ရောက်လာတယ်ဆိုတာ မသိပေမယ့် ဒီမရှိနေရမှာမဟုတ်ဘူး သတို့သမီးလောင်းလေး စောင့်နေမှာပေါ့

ပြောချင်ရာတွေပြောနေသော Hun ကို Luhan ဆွဲဖက်လိုက်တယ် Hun ကတော့ အတင်းရုန်းထွက်တာပေါ့

မဟုတ်ဘူး ကောင်လေးးး hyung ပြောတာနားထောင်ပါဦး ဒါ hyung ဆန္ဒမပါဘူး ဒီမင်္ဂလာပွဲက ဖြစ်လာမှာမဟုတ်ဘူး စေ့စပ်တာလည်း မလုပ်ရသေးဘူး

ကျွန်တော့်ကို နှစ်သိမ့်စရာမလိုပါဘူး ကျွန်တော်က ကတိပေးပြီးရောက်မလာ တဲ့အတွက် စိတ်မကောင်းဖြစ်ရုံပါ အခုအဆင်ပြေပြီဆိုတော့ ထွက်သွားပါတော့...

ကောင်လေးကိုထားပြီး hyung က ဘယ်သွားရမှာလဲ

နှုတ်ခမ်းလေးစူထားတဲ့ ကလေးလေး ကို Luhan အသည်းယားလာပြီး ပါးလေးကိုဖွဖွလေးကိုင်လိုက်တယ်

Aigoo!! တစ်ကယ့်ကလေးလေး အတိုင်းပဲ hyung papa စီစဉ်တာတွေ hyung တောင်မသိဘဲ ဖြစ်သွားတဲ့ ကိစ္စတွေပါကွာ တစ်ကယ်ပါ ယုံပါ ကောင်လေးရယ်

Hun ကိုချလိုက်တယ် ဟုတ်ပါတယ် သူအရမ်းခံစားနေရတယ် အအိပ်ပျက် အစားပျက်ခဲ့ရတာတွေများပြီ hyung ကိုလွမ်းလို့ အခုလည်း စိတ်ထဲကမပါဘဲ ထွက်သွားဖို့ပြောနေမိတာ...

တိတ်တော့နော် မငိုနဲ့တော့ hyung ရှိနေပြီ hyung ပြန်လာပြီလေ ကောင်လေးလုပ်ချင်တာတွေ အကုန်ဖြည့်ဆည်းပေးမယ် ဟုတ်ပြီလား

Hun ခေါင်းညိမ့်လိုက်တယ် hyung ရဲ့ အပြောအောက်မှာ ရှုံးသွားပါပြီ မုန်းတယ်လို့ဆုံးဖြတ်ထားပေမယ့် မမုန်းနိုင် ....

^Second Face^ ( Completed ) Onde histórias criam vida. Descubra agora