^Second Face^ Part-8

Start from the beginning
                                        

Jinja gomawo Sulli ya...ဟူးး နင်ရှိနေလို့တော်သေးတယ်

ရပါတယ်ဟာ နင်လည်း မတတ်သာလို့ လုပ်ရတာပဲ လက်မှတ်အဆင်ပြေလား

အင်းးးခဏနေ သွားရမယ်

ရောက်လာပါပြီ နောက်ဆုံးတော့ Luhan ရောက်လာခဲ့ပြီ ကောင်လေး ကောင်လေးဆီကို အခုချိန်ဆို အိမ်လေးမှာသူရှိနေမှာပေါ့ ဟုတ်တယ် သေချာတယ် ကောင်လေးရှိနေမှာ...

ကောင်လေး.....

Luhan တိုးညင်းစွာ ခေါ်လိုက်တယ် ပြန်ထူးသံမကြား ကောင်လေး မရှိဘူးလား ဘယ်တွေသွားနေပါလိမ့် ဒါမှမဟုတ် အိမ်များပြန်နေလား အိမ်တံခါးကတော့ ပွင့်နေတာပဲ

Luhan အိပ်ခန်းထဲဝင်ကြည့်လိုက်တော့...

ကောင်လေးးးးး Luhan စိုးရိမ်စွာ အော်လိုက်တယ် ကြမ်းပြင်ပေါ်မှာ ပျော့ခွေစွာလဲကျနေတဲ့ Hun...

ကောင်လေး ကောင်လေး hyung လာပြီလေ hyung လေ ကောင်လေး သတိထားပါဦးးး

Luhan Hun ကို ကျောပိုးပြီး ဆေးရုံကိုအပြေးသွားတာပေါ့...

Dr...အခြေအနေ

အားပျက်ပြီးလဲသွားတာပါ သိပ်မစိုးရိမ်ပါနဲ့ stress တွေလည်းများနေတယ် ဂရုစိုက်လိုက်ပါ Nae.....

ကောင်လေးရယ် hyung ကိုခွင့်လွှတ်ပါနော် hyung လေ.... miyanae....ကောင်လေး jinja miya..

Luhan ပါးပြင်က မျက်ရည်တွေတောင် မသုတ်အား Hun လက်လေးကို ဆုတ်ကိုင်ထားတယ် နောက်ထပ်လက် မလွှတ်နိုင်တော့ဘူးလေ

ညဘက်ရောက်တော့ Hun နိုးလာတယ် Luhan ကတော့ ခရီးပန်းလာတဲ့အရှိန်နဲ့ Hun လက်လေးကို ဆုတ်ထားပြီး ကုတင်ပေါ် မျက်နှာအပ်ကာ မှောက်အိပ်လျက်....

ဒါ hyung..hyung လား??

Hun အံ့သြပြီး ငြိမ်သက်စွာ ကြည့်နေမိတယ် ပြီးမှ လန့်ပြီး သူ့လက်လေးကို ဆွဲထုတ်လိုက်တော့ Luhan နိုးလာတယ်

ဟင် ကောင်လေး ကောင်လေးး နိုးပြီလား

Luhan doctor ကို ပြေးခေါ် လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်ပြီးမှ ....

Hun လက်လေးကို နောက်ထပ် ဆုတ်ကိုင်လိုက်တယ်

Hun ကအတင်းရုန်းထွက်ပြီး စိမ်းသက်တဲ့ အကြည့်တွေ မုန်းသလိုလို မနှစ်ငက်သလိုလို အကြည့်တွေ

^Second Face^ ( Completed ) Where stories live. Discover now