"ဆရာ အဲဒီတယောက်ကို ရှင်းလိုက်ပါပီ"

ထိုဧည့်ခန်းထဲကိုနောက်ထပ်၀င်လာတဲ့လူတယောက် သူဟာအနီရောင်စွန်းနေတဲ့ အနက်ရောင်၀တ်စုံကို၀တ်ဆင်ထားလေရဲ့..

"သူပြန်ရောက်ပီလား ဂျီမင်??"

ပြောလိုက်တဲ့ထိုသူ့ရဲ့စကားသံဟာ ကြားရသူဖို့ အရည်ပျော်ကျသွားနိုင်လောက်အောင်ပင်ဩဇာ အာဏာသက်ရောက်လွန်းနေလေသည်..
.
.
.
.
.
'လူတွေကပြောကြတယ် လှပတဲ့နှင်းဆီတွေမှာ ဆူးရှိတယ်တဲ့လေ.. သူကလည်းပြောဘူးတယ် ကျွန်တော်ကနှင်းဆီနဲ့တူတယ်တဲ့.. ကျွန်တော်ကနှင်းဆီဆိုရင် သူကဆူး... ကျွန်တော့ရင်မှာစိုက်၀င်နေတဲ့အမုန်းဆူး.. '

'ဧည့်ခန်းထဲကို၀င်၀င်ချင်းမြင်လိုက်ရတဲ့မျက်နှာကြောင့်
စိတ်ညစ်သွားမိသည်.. ထိုသူနဲ့မတွေ့ချင်လို့ဆုတောင်းခဲ့သမျှအလကားပင်.. ဟုတ်ပါတယ်လေ.. ဒီနေ့လိုကိစ္စဖြစ်ပီးတာတောင် ကျွန်တော့်ကိုကိုယ်တိုင်ထွက်လာမတွေ့ရင် သူဘယ်ပီသပါတော့မလဲ.. သူ့ကိုမျက်ကွယ်ပြုရင်း အပေါ်ထက်ကိုတက်ဖို့ပြင်မိတော့ ကြားလိုက်ရတဲ့ခပ်ရှရှအသံ...'

"Kim Seok Jin!!"

'ကျွန်တော်နောက်ကိုလှည့်ကြည့်လိုက်မိသည်.. တချို့ကတော့ပြောကြတယ်... ထိုသူ့ရဲ့အသံကအရမ်းကိုဩဇာရှိတယ်တဲ့လေ.. ကျွန်တော့အတွက်တော့ခွေးအူနေသလို ကျက်သရေမရှိတဲ့အသံမျိုးပင်.. အဲ့ဒီသူ့ရဲ့ဩရှရှအသံကကျွန်တော်မုန်းတဲ့သူ့ရဲ့ တစိတ်တဒေသပင်..'

"ကျစ်* လူကိုနာမည်ခေါ်ပီး ဒီအတိုင်းထိုင်ကြည့်နေမှာတော့ မဟုတ်ပါဘူးနော်.."

'ရွဲသလိုပြောလိုက်တဲ့ကျွန်ေတာ့အသံကကြားတဲ့သူတိုင်းဖနှောင့်နဲ့တက်ပေါက်ချင်လောက်အောင်ကိုမြင်ပြင်းကတ်စရာကောင်းလိမ့်မည်ဆိုတာအသေအချာပင်.. ဒါပေမဲ့ဒီလိုစကားမျိုးကို ဒေါသကြီးလှပါတယ်ဆိုတဲ့သူက သည်းခံလာခဲ့တာ တစ်ရက်နှစ်ရက်မှမကတော့ပဲ.. '

"ဟုတ်တယ်ဆိုရင်ကော..."

'ပြုံးလိုက်တဲ့သူ့ရဲ့မျက်နှာနဲ့အတူ ပါးပေါ်မှာပေါ်လာတဲ့ ပါးချိုင့်နှစ်ဖက်.. ကျွန်တော်မုန်းတဲ့ထဲမှာသူ့ရဲ့ပါးချိုင့်တွေလဲပါတယ်.. ဖြစ်နိုင်ရင်လေ ပြုံးနေတဲ့သူ့ရဲ့မျက်နှာကြီးကို လမ်းဘေးကမြောင်းထဲပစ်ချလိုက်ချင်မိတယ်..'

Only you (Complete)Där berättelser lever. Upptäck nu