Chapter(252) - နှစ်ယောက်တည်းစကားပြောမယ်

Start from the beginning
                                    

ယန်ထျန်းဟန်ကခေါင်းညိတ်ပြသည်။

လင်ရွှမ်းဇီထွက်သွားပြီးနောက်မှာဖုန်ကျင်းယွီကသူ့လည်ချောင်းကိုရှင်းပြီးသူ့ရဲ့အကောင်ပေါက်အသံလေးနဲ့ပြောလာသည် "အဲ့ဒါက-"

"ဒီကိစ္စတွေငါ့အကိုကြီးကိုပြောပြဖို့မင်းကိုဘယ်သူကခွင့်ပေးလိုက်လို့လဲ?ငါကစေတန်နတ်ဆိုးနော်;မင်းစိတ်ထဲမှာငါကသက်ရောက်မှုတွေကိုမသိဘူးများထင်နေလို့ငါ့အကိုကြီးကိုသတိသွားပေးလိုက်တာလား?"

ယန်ထျန်းဟန်ကသူ့မျက်လုံးများကိုကျဉ်းမြောင်းလိုက်ရင်းသူ့အကြည့်ကတော့ရေခဲလိုအေးစက်နေသည်။သူကဖုန်ကျင်းယွီရဲ့ခပ်တုတ်တုတ်ကိုယ်လေးကိုဆွဲယူလိုက်၍သူ့လက်ထဲကိုင်ထားလိုက်ပြီးသူ့လက်ချောင်းနှစ်ချောင်းဖြင့်ဖုန်ကျင်းယွီရဲ့လည်ပင်းပုတိုလေးကိုညှစ်လိုက်လေသည်။

ဖုန်ကျင်းယွီမှာကြောက်လန့်တကြားဖြစ်သွားရသည်။သူကအတောင်ပံကိုခတ်လိုက်ချင်သော်လည်းယန်ထျန်းဟန်ရဲ့အင်အားကသာမာန်မဟုတ်ပေ။သူ့မှာလည်ပင်းအစ်ပြီးသေတော့မတတ်ပင်။

ဖုန်ကျင်းယွီကသာမာန်ငှက်တစ်ကောင်မဟုတ်ချေ။ထို့ကြောင့်သဘာဝကျကျပင်တစ်စုံတစ်ယောက်ကသူ့ကိုလည်ပင်းညှစ်တာလောက်နဲ့ပြန်မကိုက်ဘူးဖြစ်၏။သို့သော်ယန်ထျန်းဟန်ကတော့ဆိုးသွမ်းသောသတ်ဖြတ်ခြင်း၏ရည်ရွယ်ချက်နှင့်အန္တရာယ်ကိုရှင်းရှင်းလင်းလင်းနားလည်စေသည်။

ဖုန်ကျင်းယွီကအလျင်အမြန်ပဲပြောလိုက်သည်။

"မင်းကစေတန်နတ်ဆိုးဆိုတာဟိုးတုန်းကတည်းကမင်းအကိုကြီးကသိပြီးသားဟ-အွတ်"  ပြောရင်းဖြင့်ချောင်းပါတစ်ဟွတ်ဟွတ်ဆိုးသွားရသည်။

မိုးနတ်မင်းရေ,တစ်ယောက်ယောက်သနားစရာဖီးနစ်လေးကိုသတ်တော့မယ်!ဒီညီအစ်ကိုနှစ်ယောက်ကတကယ့်ကိုညီအစ်ကိုတွေပဲ,ငါ့ကိုလည်ပင်းညှစ်တဲ့လှုပ်ရှားမှုကတောင်တစ်ပုံစံတည်းပဲဟ!

ယန်ထျန်းဟန်ကအေးစက်စက်ရယ်လိုက်ပြီးသူ့ရဲ့ညှစ်အားကိုအနည်းငယ်ဖြေလျော့ပေးလိုက်သည်။

"ငါကစေတန်နတ်ဆိုးဆိုတာသူသိနေတယ်ဆိုတာငါသိပြီးသား....ငါကဘယ်လိုလူမျိုးလည်းဆိုတာကိုပါဟိုးတုန်းကတည်းကငါ့ကိုယ်ငါသိတယ်ဒါပေမဲ့ငါ့အကိုကြီးကအားလုံးကိုမသိချင်ယောင်ဆောင်ပြီးတစ်ခါမှထုတ်မပြောခဲ့ဘူး....သူကငါ့ကိုဒီလိုပြဿနာတွေအတွက်နဲ့စိတ်ပူမနေစေချင်တာ....အခုတော့မင်းကငါ,ကိုယ့်ဇစ်မြစ်ကိုသိနေတယ်ဆိုတဲ့အကြောင်းသူသိသွားအောင်လုပ်လိုက်တယ်....သူသေချာပေါက်ငါဝမ်းနည်းပြီးကြေကွဲနေတယ်လို့တွေးနေတော့မှာပြီးတော့ငါ့ထက်တောင်ပိုပြီးစိတ်ပူပန်နေဦးမယ်"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now