Chapter(251) - Escape Through the Night

Start from the beginning
                                    

"ရာဇပလ္လင်ကိုရယူနိုင်ဖို့ပြိုင်ဆိုင်နေတဲ့အရင်မျိုးဆက်ရဲ့တိုက်ပွဲကယန်ထျန်းဟန်ကသွေးနှောစေတန်နတ်ဆိုးဆိုတာပေါ်သွားတော့မှပဲအဆုံးသတ်သွားခဲ့တာ..မူလကတော့သူ့အဖေကချန်းယွမ်မင်းဆက်ရဲ့ဆက်ခံသူဖြစ်ပြီးနေပြီ,ပလ္လင်ကိုဆက်ခံနိုင်ဖို့ခြေတစ်လှမ်းပဲလိုတော့တာ....ဒါပေမဲ့အဲ့ဒီလိုခက်ခဲတဲ့အချိန်မှာအနာဂတ်ဟောသူကအဲ့ဒီလိုထိတ်လန့်စရာသတင်းမျိုးကိုထုတ်လိုက်တော့ယန်ကျုံးဟွားရဲ့နှစ်ပေါင်းရာချီကြိုးစားအားထုတ်ထားမှုကြီးကမီးခိုးလုံးတစ်ခုလိုပဲဖြစ်သွားပြီးအားလုံးပျက်စီးသွားခဲ့တယ်"

"အဲ့ဒါကအင်အားဆုံးရှုံးမှုတစ်ခုတည်းတော့မဟုတ်လောက်ဘူးထင်တယ်" လင်ရွှမ်းဇီသည်ကိစ္စ၏အဓိကအချက်ကိုသတိပြုလိုက်မိသည်။

ဖုန်ကျင်းယွီကခေါင်းညိတ်ပြ၏။

"ယန်ကျုံးဟွား,အဲ့ဒီလူကမွေးကတည်းကနန်းတက်နိုင်ဖို့လျှာထားခံထားရတဲ့သူလေ...သူ့ပင်ကိုယ်စွမ်းရည်ကလည်းထူးခြားတယ်ပြီးတော့သူကအရင်ဧကရာဇ်ဟောင်းရဲ့အလွန်တရာချစ်ခင်မြတ်နိုးမှုကိုလည်းရရှိထားတယ်....သူကနယ်မြေကြီးကိုးခုမှာဆိုရင်အာဏာအရှိဆုံးနဲ့အကောင်းဆုံးဘဝမှာနေခဲ့ရတဲ့မင်းသားတစ်ပါးတောင်ဖြစ်လိမ့်မယ်......သူ့မှာအရမ်းကိုထောင်လွှားတဲ့သဘာဝလည်းရှိတယ်...အဲ့ဒီတော့မှားယွင်းမှုသေးသေးလေးဒါမှမဟုတ်သစ္စာဖောက်မှုှအနည်းငယ်ကိုတောင်သည်းခံနိုင်တဲ့သူမဟုတ်ဘူး...ဒါပေမဲ့သူ့ဘာသာသူရှာတွေ့ခဲ့တဲ့ကြင်ဖက်ကရှင်းရှင်းလင်းလင်းကိုသူ့ကိုယ်သူသာမာန်တာအိုကျင့်ကြံသူလိုဟန်ဆောင်ဖုန်းကွယ်ထားတဲ့နတ်ဆိုးအသျှင်ဖြစ်နေတယ်လေ;သူကယန်ကျုံးဟွားရဲ့ခံစားချက်တွေကိုလိမ်ညာခဲ့တာ....အဲ့ဒါကယန်ကျုံးဟွားအတွက်မခံမရပ်နိုင်ဆုံးအရာပဲ"

အစောပိုင်းနှစ်တွေတုန်းကယန်ကျုံးဟွားသည်ယိုမင်းအပေါ်မှာအရူးအမူးစွဲလမ်းခဲ့သည်ဟုတောင်သတ်မှတ်လို့ရသည်။သူ့ထက်အဆင့်အတန်းနိမ့်သည့်ချစ်ရသူကိုလက်ထပ်နိုင်ဖို့အတွက်သူ့ရဲ့သရဖူကိုပင်အလောင်းအစားလုပ်ခဲ့ရသည်။

ထိုတာအိုအဖော်ကိုယန်ကျုံးဟွားကသူ့ဘာသာသူရှာခဲ့တဲ့အတွက်ကြောင့်ပင်ထိုအချိန်တုန်းကသူသည်ချန်းယွမ်ဧကရာဇ်ကိုပင်ဒေါသထွက်စေခဲ့မိပြီးရလဒ်ကတော့သူနန်းတက်ရမယ့်ရက်ကနှစ်အနည်းငယ်နောက်ဆုတ်သွားရသည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now