"Boss နေမကောင်းသေးဘူးလေ... ရေအေးတွေသောက်လို့မဖြစ်ဘူး..."

"ငါဘာဖြစ်သွားတာလဲ..."

"နှင်းဖပ်ကြားမှာ သတိလစ်သွားတာလေ.. Bossမမှတ်မိတော့ဘူးလာ။ တော်သေးတာပေါ့ ဝန်ထမ်းတွေက စံအိမ်ရှင်းဖို့သွားတော့ Bossကိုတွေ့သွားတာပဲ..."

"..........."

အဘယ်ကြောင့် ဤသို့ထုံထိုင်းနေသနည်းဟု သူတွေးမိသေး၏။ လက်စသတ်တော့ မနက်တုန်းက ထိုနေရာတွင် သူအိပ်ပျော်သွားခြင်းပေ။ လေးလေးက သူ့ကိုဆူရန် ချောင်းနေ၏။

"ကဲ...ငါမပြောဘူးလား..."

"လေးလေး ဘာပြောထားလို့လဲ..."

"ညညအပြင်မသွားပါနဲ့လို့...ကားမောင်းထွက်ပြီး အပြန်ကျတော့ ကားလည်းမပါလာဘူး...။ အရက်မူးပြီး နှင်းဖပ်ကြားမှာ လေဖြတ်မသေတာကံကောင်း..."

"လေးလေးရာ ဘာတွေပြောနေတာလဲ...ဒီမှာ ခေါင်းကိုက်နေတဲ့ကြားက..."

ထိုသို့ ညဉ်းညူလိုက်သောအခါတွင် အတွင်းရေးမှူးသည်လည်း သူ့အား အနားယူစေချင်သောကြောင့်...

"ဟုတ်ပါတယ် သူဌေးကြီး...Bossက အရက်သောက်မလာပါဘူး...။ တစ်ခြားကိစ္စကြောင့်ဖြစ်ပါလိမ့်မယ်..."

"ဟေ... ဘာကိစ္စဖြစ်လို့ ကားပျောက်တဲ့အထိသောက်ခဲ့ရတာလဲ...ဖြေပါဦး..."

ကိုးလ်သည် လေးလေးအားကြည့်၍ စိတ်ပျက်စွာခေါင်းလေးသာဖိလေသည်။

"လေးလေးရာ...ဒီမှာမူးနောက်နေတဲ့ကြားက ပွစိပွစိလုပ်ဖို့ပဲသိတယ်။ ကိုယ့်တူလေး နေမကောင်းလို့ ဆေးတိုက်မယ်မရှိဘူး..."

"ဟေ... အလကား လုပ်ချင်တာလုပ်ပြီး နေမကောင်းဖြစ်တော့ ငါကဆေးတိုက်ရမလာ...ဆုတောင်းနော် "

"ကျစ်!"

လေးလေးအား ပြန်ပြောလျှင်လည်းနိုင်မည်မဟုတ်သောကြောင့် ထလာ၍ အိပ်ခန်းထဲပြန်ဝင်လေသောအခါ အတွင်းရေးမှူးသည်လည်း ဆေးဗန်းမ,၍လိုက်ဝင်သွားသည်။ လေးလေးလိုက်မလာရန် တံခါးလေးအားလော့ချခဲ့၏။

"ဘာတွေလဲ..."

"ဒါက ဓနိဖူးလက်ဖက်ရည်နဲ့ ဆေး၊ ဒီဘက်က ကော်ဖီနဲ့စွပ်ပြုတ် Bossမကြိုက်မှာဆိုးလို့ နှစ်ခုပြင်ဆင်လာတာ..."

[ကိုးလျ]ကိုးလ် [Complete] Where stories live. Discover now