ကိုယ်ရံတော်ထဲမှ တစ်ယောက်က သူ့အတွက် Necktie ရွေးပေးနေတာကြောင့် ဘေးက ရပ်စောင့်နေလိုက်သည်။ တစ်မိနစ်ပင် မကြာသေးသော်လေး ထုံးစံအတိုင်း စိတ်မရှည် တတ်သည့် Grazie က

"ငါ ရေချိုးကတည်းက မင်း ကြိုရွေးထားရမှာ မဟုတ်ဘူးလား"
"တောင်း.. တောင်းပန်ပါတယ် သခင်လေး ကျွန်တော်"
"တော်တော့ ထွက်သွား.. မင်းကို အလုပ်ထုတ်ပြီ"
"ဗျာ.. သ.. သခင်လေး"
"ထွက်သွား"

အေးစက်စက် စကားသံကြောင့် ထိုကိုယ်ရံတော်လေးခမျာ ဒူးထောက်ရတော့သည်။

"တောင်းပန်ပါတယ် သခင်လေး ကျွန်တော်"
"သူ့ကို ဆွဲခေါ်သွားလိုက်တော့"

သခင်လေး Grazie စကားကြောင့် တခြား ကိုယ်ရံတော် နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်မိသည်။ ပြီးမှ အားတင်းကာ

"သခင်လေး သူက သူ့အိမ်မှာ သူ့အမေ နာရေးရှိလို့ စိတ်နဲ့ကိုယ် သိပ်မကပ်လို့ပါ သူ့ကို ဒုတိယအကြိမ် အခွင့်အရေးလေး ပေးပါ့လား"

အရဲတင်းပြောလိုက်သည့် ကိုယ်ရံတော်လေး စကားကို ခုနာ အလုပ်ထုတ်ခံရသည့် ကိုယ်ရံတော်လေးက ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံနေလေသည်။ သို့ပေမယ့် သခင်လေး Grazie မှာ နည်းနည်းမှာ ဂရုဏာသက်ပုံမပေါ်။

"မင်းတို့နှစ်ယောက်လည်း ထွက်သွား အလုပ်ထုတ်လိုက်ပြီ"
"ဗျာ"
"ဒုတိယအကြိမ်ဆိုတဲ့ စကားက ပထမအကြိမ်မှာသာ ကောင်းကောင်းလုပ်ခဲ့ရင် ပေါ်လာစရာ အကြောင်းမရှိဘူး မင်းတို့ သုံးယောက်လုံး ခြေထောက်ချိုးပြီး ဆွဲမထုတ်ခင် ငါ့အခန်းထဲက ထွက်သွား"

သုံးယောက်လုံး ပြာယာပြာယာ ပြေးထွက်သွားသည်ကို ဂရုမစိုက်သလို Necktie တစ်ခု ဆွဲယူကာ မှန်ကြည့်ပြီး တပ်နေလိုက်သည်။ ဟုတ်ပါသည်။ ဒါလည်း သူ့ရဲ့ ဗီဇတစ်ခုပင်။ ရက်စက်တယ် ပြတ်သားတယ် ဆိုတာ ဂျာမန်လူမျိုး အဖေဆီကရလာသည့် အမွေတစ်ခု ဖြစ်လေမလား။ အကြည်ဓါတ် မျက်နှာလေး အားကိုးနဲ့ ပညာသား ပါပါ လိမ်ညာ ကောက်ကျစ်နိုင်မှုကြောင့် ဂျာမနီနိုင်ငံရဲ့ စီးပွါးရေးနယ်ပယ်မှာ Little Cobra လို့တောင် တင်စားခံရသူ။

Amor is so DummWhere stories live. Discover now