Extra. ကျွင်းဟောက်ရန်

Start from the beginning
                                    

ဒီနေ့လေလံပွဲမှာလည်း ယုဟိုင် ခေါ်သလိုလိုက်သွားပေမဲ့။ ယုဟိုင်သူငယ်ချင်းတွေကို မိတ်ဆွေလို့သာ ပြောစေခဲ့တယ်။ မိဘတွေကိုအကြောင်းပြပြီးတော့ပေါ့...ကောင်တာမှာရစ်ပြီး စူထွက်နေတဲ့ နှုတ်ခမ်းလေးနဲ့လင်းယဲ့ကို ကြည့်နေတယ်။ သူဒီတလောမှာ လင်းယဲ့ သဝန်တိုတာကိုမမြင်ရတာကြာပြီမလား...လင်းယဲ့ ကိုကြည့်ရင်းယုဟိုင်လက်ထဲက ဆေးထုတ်လေးကိုမတော်တဆမြင်လိုက်ရတယ်။ သူဂရုမစိုက်ဘူး...ရုတ်တရက်ယုဟိုင်ကစကားတွေလာပြောကတော့ လင်းယဲ့ကိုကြည့်နေတာခဏပျက်သွားတယ်။ မကြာအမှောင်ကျသွားပြီး လင်းယဲ့ကိုမတွေ့တော့ဘူး...

အမြန်လိုက်ကြည့်တော့ လင်းယဲ့ကို အတင်းချုပ်ကိုင်နေတဲ့လူတစ်ယောက်။ စိတ်တွေထိန်းချုပ်မရတော့ဘဲ ယုဟိုင် ဆွဲတဲ့လက်တွေကိုတောင် အကြမ်းပတန်းလွှတ်ပြီး အပြေးသွားကာနီးရာ ဝိုင်ပုလင်းနဲ့ရိုက်ခွဲလိုက်ပြီး ကိုယ်ပေါ်ယိုင်ကျလာတဲ့ လင်းယဲ့လေးကိုပွေ့လိုက်တယ်။

💜💜💜💜💜💜💜💜💜💜

နောက်တစ်ပိုင်း...ဒချိ ဒချိကိုမျှော်နေတဲ့သူတွေရှိလား။ လေးပိုင်းတင်ပေးပြီးတာမို့ ရက်နည်းနည်းတော့နားပါမယ်။ တခြား fic တွေကိုအချိန်ပေးမလို့ပါနော် 😘

15.Feb.21
Saung's

===================================================

Extra. ကျွင်းဟောက်ရန်

( ဒါကဟောက်ရန်အတွက် သီးသန့်ဖြစ်တဲ့ သူ့ရဲ့အပိုအတွေးတစ်ခုပါ extra အပိုလေးအဖြစ်သီးသန့်တင်လိုက်တာပါ )

--------------------------------

Chapter - 13 And Extra.
|| Unicode ||

စိတ်တွေတော်တော့်ကိုရှုပ်ထွေးနေတယ်။ ပထမဆုံးကနေတွေးလိုက်ရင် သူကအရင်ကတော်တော်ကို မာနကြီးခဲ့တယ်။ ပိုင်လင်းယဲ့ ဆိုတဲ့ကောင်လေးကို အမေပြတဲ့ဓာတ်ပုံထဲမှာ စတွေတုန်းက ကလေးဆန်ပြီးချစ်ဖို့ကောင်းတယ်လို့ တွေးဖူးတယ်။ ဒါပထမဆုံးတုန့်ပြန်မှုအစစ်ဘဲ။ ဒါမဲ့အဆင့်အတန်းမမြင့်မားဘူး၊ ပညာအရည်အချင်းမပြည့်စုံဘူး၊ စတဲ့စတဲ့အချက်တွေနဲ့ လက်မခံနိုင်ဖြစ်ခဲ့တယ်။

မာနကြီးတဲ့ကျွန်တော့်ယောကျာ်းရဲ့ ကိုယ်ဝန်ရှိနေတယ်တဲ့(Complate)Where stories live. Discover now