အဘွားမသေခင် ငါ့မြေးလေး မင်္ဂလာပွဲ တက်ချင်သေးတယ်
အဘွားပြောခဲ့တဲ့စကားလေးက Sulli နားထဲစွဲနေတယ် ဒါဟာ အဘွားရဲ့ နောက်ဆုံးဆန္ဒ.....
Luhan Papa တို့ကို အသိမပေးဘဲ ထွက်လာလိုက်တယ် လေဆိပ်ကိုရောက်တော့.....
သူဌေးလေး ပြန်လိုက်ခဲ့ပါ ဆရာမှာလိုက်တယ်
Papa ရဲ့ လူယုံတော်တွေ လေဆိပ်ကို ရောက်လာကြတယ်
ဟာ မင်းတို့ဘယ်လိုရောက်လာတာလဲ ပြန် အခုပြန် ငါသွားစရာရှိတယ်
နောက်ဆုံး Luhan တစ်ယောက် ဆွဲခေါ်ခြင်းခံရပါရော အားမမျှတော့ ဘညမှမတတ်နိုင်
ဟေ့ကောင်တွေ ငါ့ကိုလွှတ်စမ်း
တောင်းပန်ပါတယ် ကျွန်တော်တို့ကို ဆရာကရတဲ့နည်းနဲ့ ပြန်ခေါ်လာခဲ့ပါတဲ့
တောက် ........Luhan ဒေါသထွက်ရုံကလွဲလို့ မတတ်နိုင်
ဒီနေ့ သူ့ hyung လေးလာမယ်ဆိုတဲ့ အသိနဲ့တင် Hun တစ်ယောက် ခုန်ပေါက်နေတာ တစ်ယောက်ထဲ ပျော်ရွှင်နေတယ်လေ
hyung ရောက်မယ့်အချိန်ကို ခန့်မှန်းပြီး လေဆိပ်မှာသွားစောင့်ပေမယ့် hyung ပေါ်မလာခဲ့ တစ်နာရီ နှစ်နာရီ ........ငါးနာရီ စောင့်ပေမယ့် hyung ပေါ်မလာ လေဆိပ်မှာ လူတွေ ဝင်ထွက်သွားလာနေကြပေမယ့် Hun ကတော့ ကျောက်ရုပ်ပမာ စောင့်နေဆဲ
Papa ဒါဘာလုပ်တာလဲ
ငါကမေးရမှာ မင်းဘာလို့ မပြောမဆိုနဲ့ ထွက်သွားတာလဲ
ကျွန်တော်သွားမယ်လို့ပြောပြီးသားပဲ
စေ့စပ်ပွဲရှိတယ်လေ သတို့သားလောင်းက ဒီလိုထွက်သွား လို့ရမလားကွ
ဒါပဲ တစ်ချိန်လုံး စေ့စပ်ပွဲ မင်္ဂလာပွဲ နားနဲ့လည်းမဆန့်တော့ဘူး တော်တော် စိတ်ပျက်နေပြီ Papa တို့ ကျွန်တော့်ကို အရုပ်များမှတ်နေလား လုပ်ချင်ရာ လုပ်နေကြတာပဲ
Luhan အပေါ်ထပ်ကို တက်သွားတော့ သူ့အိပ်ခန်းရှေ့မှာ လူနှစ်ယောက်
ကျွတ် မင်းတို့ကဘာလဲ
ဆရာစောင့်ခိုင်းထားတာပါ
YOU ARE READING
^Second Face^ ( Completed )
Fanfiction*Hunhan *Yaoi *အချစ်ကြောင့် ဖြစ်ပေါ်လာတဲ့ အမုန်း *အမုန်းကြောင့် မှားမိပြီးမှ *နောက်ဆုံး အချစ်တွေ ပြန်လည်ရှင်သန်မှာလား ဆိုတာတော့
^Second Face^ Part-6
Start from the beginning
