Chapter(248) - သေတာတောင်နောင်တမရဘူး

Start from the beginning
                                    

လင်ဇီဂျီမှာပိုပြီးနားထောင်မိလေလေပိုပြီးကြောက်ရွံ့မှုကိုခံစားရလေဖြစ်လာသည်။ထိုကဲ့သို့သောအရာမျိုးကိုသူဘယ်တုန်းကမှမကြားဘူးခဲ့ပေ။သူကလင်ရွှမ်းဇီထက်နှစ်အနည်းငယ်ပိုကြီးတာကြောင့်သူ့ဝမ်းကွဲမွေးဖွားလာတုန်းကပိုင်သခင်မပြောခဲ့တဲ့အခြေအနေများကိုမှတ်မိရမှာဖြစ်သော်လည်းသူ့မှာလုံးဝထင်မြင်ချက်ရှိမနေဘူးဖြစ်သည်။

လင်ဇီဂျီကဂရုတစိုက်မေးလိုက်သည်။

"ဘာလို့ကျွန်တော်အဲ့ဒီအကြောင်းတွေကိုတစ်ခါမှမကြားဘူးတာလဲ?"

ပိုင်သခင်မကသူ့ကိုတစ်ချက်ကြည့်လိုက်သည်။

"လင်ကျန်ကလင်ရွှမ်းဇီကိုမွေးခဲ့တာ..အဲ့ဒါကလင်မိသားစုရဲ့ရှက်ရွံ့ဖွယ်ရာပဲလေ..ထပ်ပေါင်းပြောရရင်လင်မိသားစုခေါင်းဆောင်ကလည်းအဲ့ဒီအကြောင်းသိတဲ့သူတိုင်းကိုမပြောဖို့တားမြစ်ထားတယ်...ဘာများပိုရှိဦးမှာလဲအကယ်၍ငါကတစ်ခုခုပြောခဲ့ရင်တောင်လူအနည်းငယ်ပဲယုံကြည်လိမ့်မယ်"

လိင်တူတာအိုအဖော်ကတံခါးပိတ်ထားတဲ့နောက်ကွယ်မှာမကြာခဏဖြစ်ပွားတတ်သော်လည်းထိုကဲ့သို့သောကလေးမျိုးရှိသည့်အိမ်တော်များကထိတ်လန့်မိဆဲဖြစ်ပြီးအဲ့ဒါကိုကောင်းကင်ဘုံအားဆန့်ကျင်သည်ဟုခေါ်ဆိုကြမြဲဖြစ်သည်။

လိင်တူစုံတွဲထဲတွင်အကျော်ကြားဆုံးဖြစ်သည့်ယွမ်ကျုံးနဲ့ဆုမိုတို့မှာလည်းတူညီစွာသားတစ်ယောက်ရှိသော်လည်းယွမ်ထျန်းဝမ်ကတကယ်တော့သူတို့နဲ့သွေးနှောခြင်းမရှိပေ။

ယွမ်ထျန်းဝမ်ကပြစ်မျိုးမှဲ့မထင်အလှတစ်ပါးဟုခေါ်တွင်သည့်ယွမ်ကျုံးရဲ့ပထမဇနီးသည်မှမွေးဖွားခဲ့ခြင်းဖြစ်သည်။သူမကတံခါးပိတ်တရားကျင့်နေခဲ့ပြီးတစ်ခြားသူများရှေ့သို့ထွက်လာခဲသည်။ဆယ်ကျော်သက်တစ်ယောက်အနေနဲ့ယွမ်ကျုံးကကျော်ကြားတဲ့ပလေးဘွိုင်းတစ်ယောက်ဖြစ်သည်။သူ့ဆီမှာဘယ်လောက်တောင်နီးစပ်တဲ့အမျိုးသမီးမိတ်ဆွေများရှိခဲ့လဲမသိသော်လည်းသူ့ဇနီးကိုလက်ထပ်ယူပြီးနောက်မှာတော့သူ့ကိုကြည့်ရတာလုံးဝခြားနားတဲ့သူတစ်ယောက်ကဲ့သို့ဖြစ်သွားခဲ့၏။နေ့တိုင်းသူကသူ့ဇနီးသည်ကိုသာအဖော်ပြုပေးခဲ့သည်။သူ့မိတ်ဆွေများနဲ့ခရီးထွက်ရင်တောင်သူ့စကားများထဲမှာ'ငါ့မိန်းမ'ဆိုတဲ့စကားနှစ်လုံးကလွတ်တာကိုမရှိခဲ့ပေ။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now