Arc(4.4)My Vampire father is kind

Start from the beginning
                                    

နောက်မှ ဂါရ၀ပြုသံများသည်လည်း သူ၏အိပ်ဆောင်တွင်းသို့တိုင်အောင် ပျံ့နှံ့လာတော့သည်။

အာဒန်နာက အခန်းဆောင်ထဲသို့၀င်ကာ အပြာရောင်ကျောက်ကလေးကို စားပွဲပေါ်တင်လိုက်သည်။ ထိုထဲမှ ဆံပင်မီးခိုးရောင်နှင့် ပန်းရောင်မျက်ဆံရှိသော ကလေးမလေး၏ တစိနေ့တာကို ကြည့်နေလ်ိုက်သည်။
အစကခက်ထန်နေသော သူ၏မျက်လုံးများတွင် နူးညံ့ဟန်အချို့ဖြတ်​ေပြးသွားခဲ့ခြင်းကို
သူကိုယ်တိုင်မသိလိုက်ပါချေ။

သူ့ရဲ့အစွမ်းကိုအဆပေါင်းများစွာတိုးစေမည့် ယဇ်ကောင်တစ်ကောင်အဖြစ်သာ မြင်ရင်း.....

..........................

ကတ်သရင်း အိပ်ရာမှနိုးထကာ ခြေထောက်သေးသေးလေးများဖြင့် ရေချိုးခန်းသို့၀င်ပြီး
မျက်နှာသစ်လိုက်သည်။
ခနအကြာတွင် အန်ဒါရောက်လာပြီး သူမကို
နို့နှစ်ရောင်ဂါ၀န်၀တ်ပေးကာ။
ဆံပင်တွင် အနီရောင်ဖဲကြိုးလေးချည်ပေးလိုက်သည်။

"ကတ်သီ ဒီနေ့မင်းကို လူတစ်ယောက်နဲ့မိတ်ဆက်ပေးဖို့ရှိတယ်။ ငါ့ကိုမျက်နှာမပျက်စေဖို့  မျှော်လင့်ပါတယ်။

ကတ်သီကသူမ၏မျက်လုံးဝိုင်းလေးများဖြင့် ပြန်ကြည့်ရင်း

"ကတ်သီ မလုပ်ပါဘူး ဒယ်ဒီ"

"အင်း လိမ္မာတယ်"

သူသူမကိုပွေ့ချီပြီး အောက်ကိုဆင်းလာတော့
ဧည့်ခန်းတွင် အမျိုးသားတစ်ယောက်ထိုင်နေသည်ကိုတွေ့ရသည်။
ထိုလူက ခုနမိတ်ဆက်ပေးမည့်လူဖြစ် ဟန်ရှိသည်။

အန်ဒါကတော့  ခုံပေါ်မှာမိန့်မိန့်ကြီးထိုင်နေသည့် ၀စ်စတန်ကိုကြည့်ကာ မျက်ခုံးတို့စုကြုံ့သွားသည်၏။

ဒီကောင်ငါ့အိမ်ကို  အသိမပေးဘဲ၀င်လာနေတော့မှာလား။

"မင်း တံခါးလေးဘာလေးတောင်မခေါက်ဘူးလား"

"အ ဟမ်း တံခါးခေါက်ရဦးမှာလား။
ငါ့ယောက်..........................."

{A/N_ ယောက် ဘာလဲ ဆုံးအောင်တော့ပြောပါစေလေ သြော်}

"သမီးရှိနေတယ် မင်း"

အန်ဒါ၏ဒေါသကိုခံစားမိ၍ စနောက်နေခြင်းကိုရပ်ကာ လူကြီးလူကောင်းဆန်စွာ မတ်တပ်ရပ်လိုက်သည်။

"ဟဲလို ကတ်သီ
တွေ့ရတာ ၀မ်းသာပါတယ်။ ဦးနာမည်က
၀စ်စတန်ပါ။ သမီးဖေဖေရဲ့ သူငယ်ချင်းပေါ့။
ပြီးတော့............"

"၀စ် မင်းကသိပ်စကားများတာပဲ"

မျက်မှောင်ကြုတ်ကာပြောလာတော့ သူ့အိမ်မှာဆိုတော့ သူ့အလိုကျပါးစပ်ပိတ်ရတာပေါ့။

"ဟုတ်ကဲ့ ဦးဦးတွေ့ရတာ၀မ်းသာပါတယ်။
ဦးဦးက ဒယ်ဒီ့သူငယ်ချင်းဆိုတော့
ဒယ်ဒီ့ကိုစောင့်ရှောက်ပေးပါဥိး"

လက်ကလေးနှစ်ဖက်ရှေ့ချကာ ပြောလာသည့်ပုံစံလေးက ချစ်ဖွယ်အတိ။
၀စ်စတန်မနေနိုင်စွာပဲ ပြုံးလိုက်ပြီး
ကတ်သီ့ကို သူ့လက်ပေါ်ပြောင်းယူလိုက်သည်။

"လိမ္မာလိုက်တဲ့သမီးလေး။ သမီးလေးကိုလည်း ဦးဦးကစောင့်ရှောက်မှာပါဗျ"

{Hello host}

၀စ်စတန်၏လက်မောင်းအတွင်းမှာနေရင်း
206အသံကြားမိတော့ ပျော်သလိုလ်ိုတော့ရှိသား....... .

{အင်း ပြော}

?........ .  .          ..........          ..........

"ဟိုသစ္စာဖောက်မရဲ့ ကလေးကိုရှာတွေ့ပြီလား"

တစ်ကိုယ်လုံး အနက်ရောင်များ၀တ်ကာ
ခက်ထန်ဟန်ရှိသည့် အမျိုးသမီးက သူ၏မှော်တောင်​ေ၀ှးကို မြှောက်ကာအစီအရင်တစ်ခု ပြုလုပ်နေရင်းမေးသည်။
သူမကားအခြားသူမဟုတ်  စုန်းနက်မျိုးနွယ်၏  သခင်မလေးလန်ဇာပင်..

"သူမရဲ့ဖခင်ဆီမှာပါ သခင်မလေး
ကျွန်တော်တို့အထင်  သူတို့သားအဖနှစ်ယောက်ဟာ အဆင်ပြေပုံမရလှပါဘူး"

"ငါသိပြီ သွားတော့"

ထို့နောက်  ထိုအစေခံသည် လန်ဇာ့ကိုအရိုအသေပေးကာ ပျောက်ကွယ်သွားတော့သည်။

"အန်ဒါ ရှင်ဟာလေ ဘယ်လိုလူမျိုးနံ့နေနေအဆင်ပြေမယ့်လူမျိုးမဟုတ်ဘူး။
တစ်ခုတော့ကောင်းပါတယ်။ ရှင်တို့အဆင်မပြေလေ ကျွန်မက အခွင့်ကောင်းသာလေပဲ။
ရှင့်သွေးသားမို့ ခွင့်လွှတ်ချင်ပေမယ့်
ကျွန်မအတွက်တော့  အင်မတန်တန်ဖိုးရှိနေတဲ့ သားကောင်ပဲလေ။ ရှင်ကျွန်မကိုမရွေးချယ်ခဲ့တဲ့ အတွက် နောင်တမရပါနဲ့"

?...........................

အန်ဒါစမစ်နဲ့ ၀စ်စတန်ကဘာတွေလဲ🥵

ဂရုစိုက်ကြပါ။  အရင်အကောင့်ကပြနိ၀င်လို့မရတာ ရက်၂၀ကျော်သွားပြီဆိုတော့ သတင်းတွေနဲ့အဆက်အသွယ်ပျက်နေတာ ရက်၂၀ကျော်ပြီ
အိမ်မှာက  လျှပစစ်မီးမရတော့ တီဗွီလည်းမကြည့်ရဘူး။

အစစအရာရာဂရုစိုက်ကြပါ။ပြေးရလွှးရရင် ပြေးပါ ။ ငါဟဲ့ သူရဲကောင်းဆိုပြီးင​ြိမ်မနေပါနဲ့။ တစ်ယောက်ချင်းစီရဲ့ အသက်တစ်ချောင်းစီက တို့နိုင်ငံအတွက် အင်အားပါ။




System~ငါလေးကကြာပန်းဖြူတွေမုန်းတယ်(Book-2)Where stories live. Discover now